နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံစားဖိုဆောင်သုံးစားသောက်ကုန်များ Facebook မှတစ်ဆင့် မှာယူရရှိနိုင်မည်

ရန်ကုန် ဧပြီ ၂ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်အလိုက် We Love Yangon ပရဟိတအဖွဲ့များက အခြေခံစားဖိုဆောင်သုံး စားသောက်ကုန်များကိုသက်သာသည့်ဈေးနှုန်းများဖြင့် အိမ်အရောက်အခမဲ့ပို့ဆောင်ရောင်းချလျက်ရှိသည်။ လတ်တလောကြုံတွေ့နေရသည့် COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးများသို့သွားရောက် မဝယ်လိုသူများ၊ လူစုလူဝေးများသည့်နေရာများကို ရှောင်ကြဉ်လိုသူများအတွက် ရောင်းချပေးခြင်းဖြစ် ကြောင်း သိရသည် ။ မိသားစု ( ၅ ) ယောက်စာ စားသုံးနိုင်မည့် ပက်ကေ့ချ် ( ၃ ) မျိုးရှိရာ ကျပ်တစ်သောင်းခြောက်ထောင်တန် ပက်ကေ့ချ်၊ ကျပ်တစ်သောင်းနှစ်ထောင်တန် ပက်ကေ့ချ်၊ ကျပ်တစ်သောင်းတန် ပက်ကေ့ချ်များသတ်မှတ် ထားသည်။ ကျပ်တစ်သောင်းခြောက်ထောင်တန်ပက်ကေ့ချ်တွင် ဧည့်မထဆန် ၆ ပြည်၊ နေကြာဆီ ၅၀ ကျပ်သား ၁ ဘူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ငါးသေတ္တာ ၅ ဘူး၊ ကော်ဖီမစ် ၅ ထုပ်၊ ကွေကာအုပ် ၅ ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ငရုတ်သီးမှုန့် ၁ ထုပ်၊ အသင့်စားခေါက်ဆွဲခြောက် ၅ ထုပ်တို့ပါဝင်သည် ။ ပင်ရင်းစက်ရုံထုတ်ဈေး(လက်ကားဈေး)အတိုင်း အမြတ်မယူရောင်းချသည့် အခြေခံစားဖိုဆောင်သုံး စားသောက်ကုန်များကို အိမ်အရောက်အခမဲ့ပို့ဆောင်ရောင်းချပေးသည့် We Love Yangon Facebook Messenger မှ မှာယူရရှိနိုင်ကြောင်း သိရှိရသည်။ (အောင်သူရ)






အခြားဆက်စပ်သတင်းများ