နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှူသွင်းလိုက်ရုံဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်သည့်ဆေး တရုတ်တွင် ထွက်ပေါ်

ပေကျင်း၊ နိုဝင်ဘာ ၁၈


ရှူသွင်းလိုက်ရုံဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်သည့် ကမ္ဘာ့ပထမဦးဆုံးကိုရို နာဗိုင်းရပ်   ကာကွယ်ဆေးကို “၂၀၂၁ ခုနှစ် (၅) ကြိမ်မြောက် ဟိုင်နန်အပြည် ပြည်ဆိုင်ရာ ကျန်းမာရေးသုံးပစ္စည်းများ ကုန်စည်ပြပွဲ”တွင် တရုတ်က ထုတ်ဖော် ပြသလိုက်သည်။ 


ပြပွဲလာသူများအနေဖြင့်  ကိုရိုနာ ဗိုင်းရပ်ကာကွယ်ဆေး   ရှူသွင်းနည်း ကို      လက်တွေ့ခံစားနိုင်ခဲ့ကြပြီး အင်တာနက်အသုံးပြုသူများကမူ  နို့၊ လက်ဖက်ရည်သောက်နေပုံနှင့် ဆင်တူ ကြောင်း မှတ်ချက်ပေးထားသည်။ 


ရှူသွင်းနိုင်သည့်  ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးနှင့် အသားအတွင်းသို့ ထိုးသွင်း ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး သည် ကာကွယ်ဆေးအမျိုးအစားအတူ တူပင်ဖြစ်ပြီး  ကာကွယ်ဆေးဖော်စပ် နည်းသည် ပြောင်းလဲသွားခြင်းမရှိဘဲ ဆေးပေးမှုနည်းသာ ကွဲပြားသွားခြင်း ဖြစ်သည်။ 


လက်ရှိ  ကမ္ဘာ့ပထမဦးဆုံးရှူသွင်း ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို ဒုတိယ အဆင့်စမ်းသပ်မှုမှာ အဆင့်အလိုက် ရလဒ်တွေရရှိထားပြီး အရေးပေါ်အသုံးပြု နိုင်ရန် အတွက်လျှောက်လွှာတင်ထားပြီးဖြစ်ကြောင်း သိရသည်။

ရဲခေါင် (Ref:BBC)






အခြားဆက်စပ်သတင်းများ