နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီစျေးလျော့ချနိုင်ရန် ကန်သမ္မတအနေဖြင့် အရန်ရေနံကိုစတင်အသုံးပြုနိုင်ချေရှိကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန်၊  နိုဝင်ဘာ ၁၈ 


အိမ်ဖြူတော်ထိပ်တန်းစီးပွားရေးအကြံပေးပုဂ္ဂိုလ် ဘရိုင်ယန်ဒီစ်၏ပြောကြား ချက်အရ  မြင့်မားသောဆီစျေးကို လျှော့ချနိုင်ရန် သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် မဟာ ဗျူဟာမြောက်အရန်ရေနံကို စတင်အသုံးပြုနိုင်ချေရှိကြောင်း ပြောကြားလိုက်သည်။  


ဆီစျေးမြင့်တက်လာမှုနှင့် အခြေခံစားသောက်ကုန်မြင့်တက်လာမှုသည် စားသုံး သူများကို အလွန်ထိခိုက်နေပြီး အမေရိကန်နိုင်ငံစားသုံးသူများ၏ အသုံးစရိတ်မှာ နိုင်ငံ့စီးပွားရေး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မော်တော်ဆိုင်ကယ်များအတွက် ဆီ စျေးကလည်း ပြီးခဲ့တဲ့နှစ်အတွင်း မြင့်တက်လာပြီး ဆီ ၃ ဒသမ ၈ လီတာအတွက် ကန်ဒေါ်လာ ၃ ဒသမ ၃၀ ပေးနေရခြင်းဖြစ်ကာ ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ ဒသမ ၀၈ ပိုပေးနေရခြင်း ဖြစ်သည်။ 


ယင်းနှုန်းထားသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးရောက်နေခြင်းဖြစ်ပြီး အရန်ရေနံဆီကို ဓာတ်ဆီအဖြစ် သန့်စင်နိုင်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူများ စျေးကြီးပေးဝယ်နေရသည့် ဓာတ်ဆီစျေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့် လျက်ရှိသည်။ 


သို့သော်လည်း သမ္မတ ဂျိုးဘိုင်ဒင်ကမူ အရန်ရေနံကို သုံးဖို့ခဲယဉ်းပြီး အကယ်၍ အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှု ရပ်တန့်ခြင်း သို့မဟုတ် မြောက်အတ္တလန်တိတ် တွင် ရေနံထုတ်လုပ်မှု ရပ်တန့်ခြင်းအစရှိတဲ့ အရေးပေါ်အခြေအနေများတွင်သာ အသုံးပြုဖို့များကြောင်း သိရသည်။ 


လက်ရှိအရန်ရေနံသည် အမေရိကန်နိုင်ငံ၏ ဆီလိုအပ်ချက်ကို နှစ်ဝက်ခန့်ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ပြီး ဘရိုင်ယန်ဒီစ်၏ ပြောကြားချက်အရ နိုင်ငံအတွင်း ငွေကြေး ဖောင်းပွမှုကို တုန့်ပြန်နိုင်ရန် ဆောင်ရွက်ရမည့် အချက်များလည်းရှိနေကြောင်း ပြောကြားသည်။                                                                      မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ