နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့်ဆက်ဆံရေး အပြုသဘောဆောင်စွာ ပူးတွဲလုပ်ဆောင်ရန် တရုတ်တောင်းဆို

ပေကျင်း၊  နိုဝင်ဘာ ၁၈


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံစဉ် တရုတ် သမ္မတ ရှီကျင့်ဖျင်ကအပြုသဘောဆောင် သော  ပူးတွဲလုပ်ဆောင်မှုများကိုလုပ် ဆောင်ရန် တရုတ်-အမေရိကန် ဆက်ဆံ ရေးတိုးတက်ရန် တောင်းဆိုလိုက်သည်။  


ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခု နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ် နှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်  တိုးတက်မှုအတွက် အတူလုပ်ကိုင်သင့်ကြောင်းလည်း ရှီက ပြောသည်။ 


ငြိမ်းချမ်းတည်ငြိမ်သော  နိုင်ငံ တကာ ပတ်ဝန်းကျင်ကို ပူးတွဲစောင့် ရှောက်ရေးနှင့်ပတ်သက်ပြီး ရှီက ရာသီ ဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကပ် ရောဂါကဲ့သို့သော ကမ္ဘာ့စိန်ခေါ်မှုများကို ထိရောက်စွာ    တုန့်ပြန်ရေးအတွက်ကို လည်း   ရှီက   အလေးထားပြောကြားခဲ့ သည်။ 


သမ္မတ ဘိုင်ဒင်သည် ရှီနှင့် ပွင့်လင်း စွာ ဆွေးနွေးရမည်ဟုမျှော်လင့်ကြောင်း ပြောပြီး ပွင့်လင်း ရိုးသားစွာ ဆက်သွယ်ရန် အရေးကြီးကြောင်း၊ နောက်တစ်ကြိမ် တွေ့ဆုံမည်ဆိုပါက ရှီနှင့် မျက်နှာချင်းဆိုင် တွေ့နိုင်ရန်မျှော်လင့်ကြောင်း ဘိုင်ဒင်က ပြောကြားသည်။  


ကန် နှင့် တရုတ်နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးတွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဗီဒီယိုဖြင့် တွေ့ဆုံခြင်းဖြစ်ပြီး ယခုနှစ် အစောပိုင်းမှစတင်ပြီး ရှီသည် ဘိုင်ဒင်ကို ဖုန်းဆက်၍ နှစ်ကြိမ် ဆွေးနွေးဖူးကြောင်း သိရသည်။              

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ