နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားထံမှ ဝယ်ယူမည့် လေကြောင်းကာကွယ်ရေးစနစ် အစီအစဉ်အတွက် အိန္ဒိယကိုအမေရိကန် စိုးရိမ်

ဝါရှင်တန်၊  နိုဝင်ဘာ ၁၈ 


ရုရှားအစိုးရ လက်နက်တင်ပို့ရေး လုပ်ငန်းဖြစ်သော Rosoboronexport မှ အလက်ဇန္ဒား မီခေယက်အနေဖြင့် အိန္ဒိယကမှာထားသည့်  ရုရှားထုတ် S-400 လေကြောင်း ကာကွယ်ရေးစနစ် များကို သတ်မှတ်ချိန်ထက်စောပြီးပေးပို့ မည်ဖြစ်ကြောင်း ပြောကြားလိုက်ပြီး နောက် ပင်တဂွန် စစ်ဌာနချုပ် ပြန်ကြား ရေးအရာရှိ ဂျွန်ကာဘီက  အိန္ဒိယ၏ ဆုံး ဖြတ်ချက်အတွက် အမေရိကန်အနေဖြင့် စိုးရိမ်ပူပန်နေကြောင်း ပြောကြားလိုက် သည်။ 


ရုရှားထံမှ S-400 တာလတ်နှင့် တာဝေးလေကြောင်း ကာကွယ်ရေး ဒုံးကျည်များ ဝယ်ယူရန် အိန္ဒိယနိုင်ငံ ၏ ဆုံးဖြတ်ချက်အတွက် အမေရိကန် ပြည်ထောင်စုက  စိုးရိမ်ပူပန်နေကာ အိန္ဒိယရှိမိတ်ဆွေများကို   အကြိမ်ကြိမ် အသိပေးနေကြောင်း ပင်တဂွန်စစ်ဌာန ချုပ် ပြန်ကြားရေးအရာရှိ ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြော သည်။  


ရုရှားဘက်မှလည်း ယင်းစနစ်များ အသုံးပြုရန် အိန္ဒိယရှိကျွမ်းကျင်သူများကို လေ့ကျင့်ထားပေးပြီးဖြစ်ကြောင်း၊  ယခု နှစ်ကုန်တွင် အိန္ဒိယသို့ အဆိုပါ လေ ကြောင်းကာကွယ်ရေးစနစ်များ စတင် ပေးပို့မည်ဖြစ်ကြောင်း ပြောကြားထား သည်။


အဆိုပါ ရုရှားထံမှ လေကြောင်းစနစ် များ ဝယ်ယူမည့်ဆုံးဖြတ်ချက်ကို အိန္ဒိယ က ၂၀၁၅ ခုနှစ်ကတည်းကထုတ်ပြန် ကြေညာထားခြင်းဖြစ်ပြီး စာချုပ် တန်ဖိုး မှာ ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံ တန်ကြေးရှိကာ ရုရှားသမ္မတ ပူတင်သည် အိန္ဒိယသို့  ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လက လာရောက်စဉ် လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။ 

ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ