နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယား နယ်စပ်တိုက်ပွဲ အဇာဘိုင်ဂျန်ဘက်မှ ၇ ဦးကျဆုံးဟု ထုတ်ပြန်

ဘာကူး၊  နိုဝင်ဘာ ၁၈


အာမေးနီးယန်းနယ်စပ်တွင် တိုက် ခိုက်ရေး စစ်ဆင်ရေးအတွင်းအနည်း ဆုံး အဇာဘိုင်ဂျန်စစ်သား ခုနစ်ဦးထက် မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း အဇာ ဘိုင်ဂျန်  ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ 


စစ်ဆင်ရေးအတွင်း အခြားစစ်သား ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းထုတ် ပြန်ချက်တွင်  ဝန်ကြီးဌာနကဖော်ပြ သည်။ ကာကွယ်ရေးဝန်ကြီးဌာနကမူ အာမေးနီးယန်း  တပ်ဖွဲ့များဟာကလာ ဘာဂျာနှင့် လာချင်း နယ်စပ်ဒေသများရှိ အဇာဘိုင်ဂျန်စစ်တပ်၏ စစ်ဆေးရေး စခန်းများကို   ကြီးမားသည့် ကျုးကျော် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။  


ယမန်နှစ် စက်တင်ဘာလနှောင်း ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ၄၄ ရက် ကြာ နယ်စပ်ပဋိပက္ခအတွင်း အဇာ ဘိုင်ဂျန်က နှစ်ပေါင်း ၃၀ နီးပါး အာမေး နီးယား တရားမ၀င် သိမ်းပိုက်ထားသော မြို့အများအပြားနှင့်  ကျေးရွာပေါင်း ၃၀၀ တို့ကို လွတ်မြောက်စေခဲ့ကြောင်း သိရသည်။ 

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ