နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေး စာရင်းပေး

မနီလာ၊  နိုဝင်ဘာ ၁၇


သမ္မတ သက်တမ်းကုန်ဆုံးတော့ မည်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် ၂၀၂၂ ခုနှစ်၊ မေလရွေးကောက်ပွဲတွင်   ဥပဒေပြု အထက်လွှတ်တော်အမတ်     နေရာ အတွက်  ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ် စားလှယ်လောင်း အသိအမှတ်ပြုလက် မှတ်ကို စာရင်းပေးသွင်းခဲ့ကြောင်း သိရ သည်။  


အသက် ၇၆ နှစ်အရွယ် သမ္မတ ဒူတာတေးသည်  ကိုယ်စားလှယ်လောင်း အစားထိုးရန်     နောက်ဆုံးရက်ဖြစ် သည့်  နိုဝင်ဘာ ၁၆ ရက်တွင် ရွေး ကောက်ပွဲကော်မရှင်ထံ စာရင်းသွင်းရန် ရှေ့နေကို စေလွှတ်ခဲ့ပြီး ယင်းအနေဖြင့် အာဏာရပါတီ  PDP-Laban အစား  Pederalismo ng Dugong Dakilang Samahan (PDDS) ပါတီအောက်မှ ဝင်ရောက်      ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။  


ပြီးခဲ့သည့်လက သမ္မတ ဒူတာတေး အနေဖြင့်  နိုင်ငံရေးမှ  အနားယူပြီး ပြည်သူများ၏ဆန္ဒကို နားထောင်ကာ လာမည့် ရွေးကောက်ပွဲများတွင်ဝင် ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားထားသည်။  ဒူတာတေးသည် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတ အဖြစ်  ရွေးကောက်တင်မြှောက်ခံရပြီး ယင်း၏  သမ္မတသက်တမ်းသည် ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖိလစ်ပိုင်နိုင်ငံ သမ္မတများသည် ခြောက် နှစ်သက်တမ်းတစ်ကြိမ်သာ   တာဝန် ထမ်းဆောင်ရန်   ကန့်သတ်ထားသည်။ ဖိလစ်ပိုင်တွင် လာမည့်ရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ 

မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ