နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်စပ်မှ ရွှေ့ပြောင်းအခြေချအကျပ်အတည်းအတွက် အနောက်နိုင်ငံများတွင်သာတာဝန်ရှိကြောင်းရုရှားသမ္မတပြော

မော်စကို၊  နိုဝင်ဘာ ၁၇


ဘယ်လာရုစ်-ပိုလန်နယ်စပ်မှ ရွှေ့ ပြောင်းအခြေချသူများ အကျပ်အတည်း  အတွက် တာဝန်ရှိသူမှာ ဘယ်လာရုစ် နိုင်ငံမဟုတ်ဘဲ အနောက်နိုင်ငံများ သာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်ကအီရတ်နှင့် အာဖဂန်စစ်ပွဲများကိုထောက်ပြပြောဆိုလိုက်သည်။


ရုရှားနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံ ၏ အဓိကမဟာမိတ်ဖြစ်ပြီး ဥရောပ သမဂ္ဂကဘယ်လာရုစ်သည် အများအား ဖြင့် အရှေ့အလယ်ပိုင်းမှလာသော ရွှေ့ ပြောင်းအခြေချ ထောင်ပေါင်းများစွာ ကိုခေါ်ဆောင်ပြီး ပိုလန်နိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်စေရန် ကြိုးစားစေ သည့် တိုက်ခိုက်မှုကိုလုပ်သည်ဟုစွပ်စွဲခဲ့သည်။


ဥရောပသမဂ္ဂသည် ဘယ်လာရုစ် နိုင်ငံကို ပိတ်ဆို့အရေးယူမှုသစ်များ ပြုလုပ်ရန်ပြင်ဆင်နေချိန်တွင် ပူတင် ကဘယ်လာရုစ်ကို ယင်းကိစ္စအတွက် အပြစ်တင်မရကြောင်း ရုရှားအစိုးရရုပ်သံသို့ပြောခဲ့ခြင်းဖြစ်သည်။ ဘယ်လာရုစ် နယ်စပ်မှရွှေ့ပြောင်း အခြေချသူများကို ပိုလန်တိုက်များက ရိုက်နှက်နေကြောင်း နှင့်    ရွှေ့ပြောင်းအခြေချများရှိသည့် နေရာတွင် ညဖက်မီးများထွန်း၊ ဥသြ များဆွဲကာ ဦးခေါင်းအထက်သို့ ကျော်ပြီး ပစ်ခတ်နေကြောင်း ယင်းကစွပ်စွဲပြော ကြားထားသည်။ 


ရွှေ့ပြောင်းအခြေချများသည် ဂျာမဏီ သို့    သွားရောက်လိုခြင်းဖြစ်သောကြောင့် ဘယ်လာရုစ်  သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့်    ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့ တွေ့ဆုံ ဆွေးနွေး စေလိုကြောင်းနှင့် ရုရှားအနေဖြင့် ယင်း အကျပ်အတည်းနှင့်   ပတ်သက်ခြင်းမရှိကြောင်းပူတင်ကပြောကြားသည်။

ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ