နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေကျင်းစတော့အိတ်ချိန်း ပထမဆုံးအရောင်းအဝယ်နေ့တွင် ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်အထိရရှိ

ပေကျင်း၊  နိုဝင်ဘာ ၁၇


ဖွင့်လှစ်လိုက်သည့် ပေကျင်း စတော့အိပ်ချိန်းသည် ပထမအရောင်း အဝယ်နေ့တွင်ပင် ကုမ္ပဏီပေါင်း ၈၁ ခု ဖြင့် ပြုလုပ်ခဲ့ရာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိရရှိခဲ့ကြောင်း သိရ သည်။ 


အရောင်းအဝယ်တွင် စျေးနှုန်းကန့် သတ်ချက်ကို သတ်မှတ်မထားဘဲ အသစ် အတည်ပြုထားသည့် လုပ်ငန်းပေါင်း ၁၀ ခုသည် နေ့စဉ် နှစ်ဆတိုးပွားလာပြီး Henan Tongxin Transmission ၏ ရှယ်ယာစျေးနှုန်းကမူ ၄၉၃ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် ပိတ်ခဲ့ကြောင်း၊ Nantong Great Electric နှင့် Hebei Raisesum Information Technology တို့၏ ရှယ်ယာစျေးနှုန်းတန်ဖိုးမှာလည်း ၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရ သည်။ 


စတင်ဖွင့်လှစ်လိုက်သည့် စတော့ အိတ်ချိန်းသည် ရှန်ဟိုင်းနှင့် ရှန်ကျန်း ရှိ စတော့ အိတ်ချိန်းအပြင်အသစ်ထပ်မံ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး  ဆန်းသစ် တီထွင်မှုများကို လုပ်ဆောင်နေသော လုပ်ငန်းအသေးစားနှင့် အလတ်စား များအတွက် အရေးပါသော နေရာဖြစ် လာရန် မျှော်မှန်းထားကြောင်းသိရ သည်။ 


ထို့ပြင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် စည်းမျဉ်းစည်း ကမ်းများကို လျှော့ပေါ့ထားပေးပြီး၊ ရင်း နှီးမြှုပ်နှံသူများအတွက်ကိုမူ အနည်း ငယ် တင်းကျပ်ပေးထားကြောင်းသိ ရသည်။   ပေကျင်းစတော့အိပ်ချိန်း စတင်ဖွင့်လှစ်နိုင်ခြင်းသည် တရုတ်နိုင်ငံ အတွက် ငွေကြေးစျေးကွက် ပြုပြင်ရေး နှင့် တိုးတက်ရေးတို့တွင် မှတ်တိုင်တစ် ခုဖြစ်ကြောင်း  တရုတ်လုံခြုံရေးစည်း မျဉ်းဆိုင်ရာကော်မရှင်၏    ဥက္ကဋ္ဌ ယီဝေမန်က ချီးကျူးပြောဆိုထားသည်။

မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ