နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိမ်းရောင်စီးပွားရေးကျင့်သုံးလိုက်နာ

ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ ရေအရင်းအမြစ်များဖြစ်သည့် သဘာဝ ရေထွက်မှာ တော၊ တောင်၊ စိမ့်၊ စမ်းများစ၍ မြစ်၊ ချောင်း၊ အင်းအိုင် ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျား ဒေသရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။


သစ်တောဖုံးလွှမ်းမှုကောင်းမွန်သော နေရာများ၌ မြေတိုက် စားမှု အနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာ ဆိုးရွားစွာကြုံတွေ့ကြ ရပေသည်။ ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများအား အလေးထားစီမံဆောင်ရွက်လျက် ရှိသည်။


သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ အောင် အလေးထားစီမံ ဆောင်ရွက်လျက်ရှိပေသည်။ အစိမ်းရောင် စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး လုပ်ငန်းများအနက် တစ်ခုပင်ဖြစ်သည်။


အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန် ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာအသုံးချနိုင်ရေးနှင့် ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှု ဆုံးရှုံးခြင်းများအား တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


မြေယာအသုံးပြုမှုတွင် အမှန်တကယ်အသုံးချမှုမရှိဘဲ မြေကို လက်ဦးရယူခြင်းများကင်းရှင်းရေး ဆောင်ရွက်နေမှုနှင့်  အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ရန်လိုအပ်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေနှင့်အညီ မြေယာအသုံးပြုခွင့်များ ဆောင်ရွက်ပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့် အညီ အတည်တကျ သီးနှံများ စိုက်ပျိုးပြီးစီးသည့်အချိန်များတွင် လယ်ယာမြေများအဖြစ် ပြောင်းလဲ ရေးစသည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ ဥပဒေများက အထောက်အပံ့ပြုလျက်ရှိသည်။


အိန္ဒိယနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ကျောင်းများ၊ အလုပ်များကို တစ်ပတ်ကြာပိတ်ထားကြောင်း နိုင်ငံတကာသတင်း များတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေမည့် အစိမ်းရောင်စီးပွားရေးမူဝါဒကို ချမှတ် ကျင့်သုံးလျက်ရှိရာ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီး၊ ရေလျှံမှု၊ မိုးခေါင်ရေရှားမှုများ စသည်တို့ဖြစ်ပေါ်လာပါက အခြား သူများထက် အောက်ခြေလူတန်းစားများက ပိုမိုခံစားရလျက်ရှိ ကြောင်း တစ်ဖန်ဆင်းရဲမွဲတေမှုသည် ပတ်ဝန်းကျင်ပျက်စီးရာ ပျက်စီးကြောင်း၏ အကြောင်းတစ်ခုဖြစ်ရာ လူသားအားလုံး ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေး အောင် ဆောင်ရွက်ပေးခြင်းသည် အဓိကအကျဆုံးအချက်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ