နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်း ၅ ရပ်ကွက် ပြည်လမ်းပေါ်ရှိ Car Showroom အနီး ပေါက်ကွဲမှုဖြစ်

ရန်ကုန်  နိုဝင်ဘာ  ၁၇


မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ပြည်လမ်း၊ အမှတ် ၁၂၅/၁၃၁ ရှိ Brog Wide Car Showroom ကားအရောင်းပြခန်းအနီး နိုဝင်ဘာ ၁၆ ရက်၊ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ဓာတ်ခဲခြောက်အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှု ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ကားအရောင်းပြခန်း၏ မျက်နှာစာတွင် ကာရံထားသော ၁၂ ပေ၊ ၄ ပေ မှန်နှစ်ချပ် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး ကျန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။                                       (ဟေမာန်)






အခြားဆက်စပ်သတင်းများ