နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၅၁ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၁၃၃ ဦးပို့ဆောင်နိုင်

ရန်ကုန် နိုဝင်ဘာ ၁၄


ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်း နိုင်ငံသို့ရောက်ရှိ အလုပ်လုပ် ကိုင်နေသူများ၊ ကာလတို ဗီဇာ ဖြင့် အလည်အပတ် လာရောက် ခဲ့သူများ၊ ပညာတော်သင်များ၊ သင်္ဘောသားများ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရေးအတွက် တစ်ပတ်လျှင် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တိုင်း ကယ်ဆယ် ရေး လေယာဉ် (Relief Flight) ခရီးစဉ်ကို မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline-MNA) ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။


ယခုအခါ ခရီးသွားလာမှု များပြားလာသည့်အတွက် ခရီးသည်များ၏ လိုအပ်ချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှစ၍ ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) ခရီးစဉ်သည် တစ်ပတ်လျှင် နှစ်ကြိမ် (ဗုဒ္ဓဟူးနေ့တိုင်းနှင့် တနင်္ဂနွေနေ့တိုင်း) မြန်မာ အမျိုးသားလေကြောင်းလိုင်း (Myanmar National Airline- MNA) ဖြင့် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကယ်ဆယ်ရေး လေယာဉ်သည် နိုဝင်ဘာ ၁၀ ရက် ဗုဒ္ဓဟူးနေ့ကလည်း ထိုင်း နိုင်ငံ၊ သုဝဏ္ဏဘုမိအပြည်ပြည် ဆိုင်ရာ လေဆိပ်မှဒေသစံတော် ချိန် ၁၈:၃၅ နာရီတွင် ထွက်ခွာခဲ့ပြီး၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်ကို ၁၉:၂၅ ချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ 


ယင်း ကယ်ဆယ်ရေး လေယာဉ်တွင် မြန်မာနိုင်ငံသား ၁၃၃ ဦး၊ နိုင်ငံခြားသား ၇ ဦး၊ စုစုပေါင်း ၁၄၀ ဦးတို့စီးနင်း လိုက်ပါခဲ့ကြသည်။  ကျန်းမာ ရေး မကောင်းသူများ၊ ကိုယ်ဝန် ဆောင် ကာလ  (ရက်သတ္တပတ် ၂၈ ပတ်ကျော်သည့်) ကိုယ်ဝန် ဆောင်မိခင်များ အနေဖြင့် လေယာဉ်စီးနင်း လိုက်ပါနိုင် ကြောင်းနှင့် ဆရာဝန်၏ ဆေး ထောက်ခံစာများ (Fit to Travel) ယူလာကြရန် ဗန်ကောက် မြို့ မြန်မာသံရုံးက ကြိုတင် မေတ္တာရပ်ခံထားသည်။   ကယ် ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါ မည့် ခရီးသည်များသည် လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသား လေကြောင်း လိုင်း (Myanmar National Airline-MNA) ၏ ဖုန်းအမှတ်- ၀၈၅၇၂၃၃၂၂၁, ၀၉၈၁၀၁၉၅၀၅ တို့သို့ တိုက်ရိုက် ဆက်သွယ်၍ ဝယ်ယူနိုင်ပြီဖြစ်သည်။  


လေယာဉ် ထိုင်ခုံနေရာ အကန့်အသတ်ရှိသည့်အတွက် သံဃာတော်များ၊ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ထိုင်းနိုင်ငံသို့ ဆေးကုသရန် လာရောက်စဉ် ပိတ်မိနေသည့် လူနာများနှင့် ကျန်းမာရေး မကောင်းသူများကို ဦးစားပေး ၍ လိုက်ပါနိုင်ရေး စီစဉ်ထား ရှိကြောင်း မြန်မာသံရုံးမှ သိရ သည်။                  

          (WP)






အခြားဆက်စပ်သတင်းများ