ရန်ကုန် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတွင် ပွင့်လင်း ရာသီသို့ စတင်ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် ရန်ကုန်မြို့ တွင် အနီးအနားသွားလာရာ၌ အသုံးပြုရန် စက်ဘီးဝယ်ယူ သူများ များပြားလာရာ ပြည်ပ နိုင်ငံများမှ တင်သွင်းလာသော Used bicycle များ၊ အထူးသဖြင့် ဂျပန်ကျစက်ဘီးများ အရောင်း ရသွက်လာသလို ရပ်ကွက်များ ထဲတွင်လည်း စက်ဘီးအရောင်း ဆိုင်များလည်း ဖွင့်လာကြ သည်။
ယခင်က ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ဂျပန်ကျ စက်ဘီး အရောင်းဆိုင်များကို အများအားဖြင့် ရပ်ကွက် မျက်နှာစာပိုင်းရှိ ကားလမ်းမ ကြီးများတွင်သာ ဖွင့်လေ့ရှိကြ ပြီး ယခုအခါ ရပ်ကွက် အတွင်းရှိ လမ်းမများတွင်လည်း ဂျပန်ကျစက်ဘီး အရောင်းဆိုင် များ ဖွင့်လှစ်လုပ်ကိုင်လာကြ သည်။ ပြည်တွင်းရှိ ပို့ကုန်/သွင်း ကုန် လုပ်ငန်းရှင်အချို့သည် ပြည်ပနိုင်ငံများမှ Used bicycle များကို တစ်စစီဖြုတ် ၍ သက်ဆိုင်ရာမှ ခွင့်ပြုချက် ဖြင့် ပြည်တွင်းသို့ တင်သွင်းကြ ပြီးနောက် ထိုစက်ဘီးများကို ကျွမ်းကျင်သူများကပြန်လည် ပြုပြင်တပ်ဆင်ကာ ရောင်းချကြ ခြင်းဖြစ်သည်။
အခြေခံလူတန်းစားများ ဈေးသက်သာစွာဖြင့်ဝယ်ယူ အသုံးပြုနိုင်စေရန် ပြည်ပနိုင်ငံ အချို့မှ Used bicycle များအား ပြည်တွင်းသို့ တင်သွင်းခြင်းဖြင့် ပြည်သူများအတွက် ကုန်ကျ စရိတ် သက်သာရုံသာမက အဆိုပါ စက်ဘီးများကို ပြန်လည် တပ်ဆင်ရောင်းချသော ဈေးကွက် အတွင်း၌လည်း လူငယ်လူရွယ် များအတွက် အလုပ်အကိုင်များ အခွင့် အလမ်းများ ပေါများလာ ကြောင်း သိရသည်။
ရန်ကုန်၊မန္တလေး၊ မော်လမြိုင် စသည့် မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် စက်ဘီးအသစ်များထက် ပြည်ပမှ တင်သွင်းလာပြီး ပြည်တွင်း၌ ပြန်သထားသော Used bicycle များကို ဝယ်ယူ စီးနင်းမှု များပြားကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံတွင် အသုံးပြုနေကြသော Used bicycle များသည် အများအား ဖြင့် ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်တို့မှ တင်သွင်းကြခြင်း ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)