နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်စပါးစျေး အနည်းငယ်တည်ငြိမ်လာ

ရန်ကုန် နိုဝင်ဘာ ၁၄


ဆန်စပါး စျေးကွက်အတွင်း သို့ ဆန်စပါးသစ်များ ဝင်ရောက် လာသဖြင့် အဟောင်းစျေးများ ငြိမ်သက်လာကြောင်း ဆန်စပါး ကုန်သည်များထံမှ သိရသည်။

 

ရန်ကုန် စျေးကွက်တွင် ဖျာပုံ ပေါ်ဆန်းနှင့် ဒေးဒရဲပေါ်ဆန်း တို့၏ တစ်အိတ် စျေးနှုန်းမှာ ၄၅၀၀၀ ကျပ်မှ ၄၈၀၀၀ ကျပ် ရှိပြီး မြောင်းမြတစ်အိတ် လျှင် ၄၆၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ရှိကာ ရွှေဘိုပေါ်ဆန်း စျေးမှာ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၅၉၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိပြီး စျေးနှုန်းတည်ငြိမ် လျက်ရှိသည်။


ဆန်ကြမ်း အမျိုးအစားဖြစ် သည့် ဧည့်မထ တစ်အိတ်ကို ၂၄၅၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် ငစိန်ဆန်တစ်အိတ်ကို ၂၃၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ် ရက် ၉၀ ဆန် အမျိုးအစားတစ်အိတ်ကို ၂၇၀၀၀ ကျပ်မှ ၂၉၀၀၀ ကျပ် သီးထပ်ဆန် တစ်အိတ်ကို ၂၅၀၀၀ ကျပ်မှ ၂၅၅၀၀ ကျပ် ဧည့်မထ ၂၅ မှတ် တစ်အိတ်ကို ၂၂၅၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်လည်းကောင်း အသီးသီး ပေါက်စျေးရှိကြသည်။


ဧရာဝတီတိုင်း စျေးကွက် တွင် ပြီးခဲ့သည့်နှစ်က စပါးစျေး၊ ဆန်စျေးများ ငြိမ်သက်ခဲ့ပြီး ဆန်စပါးအသစ်များ စျေးကွက် အတွင်း ဝင်ရောက်လာပြီဖြစ် သည်။ 


 ပုသိမ် စျေးကွက်တွင် ဧည့်မထ ၂၀၂၂ မိုးစပါးက တင်း ၁၀၀ ကို ၆၄၄၀၀၀ ဖြင့် စျေးဖွင့်ထားပြီး ဆန် တစ်အိတ်စျေးနှုန်းမှာ ၂၃၀၀၀ ကျပ်ရှိကြောင်း သိရသည်။


မြောင်းမြဘက်တွင်တင်း ၁၀၀ ကို ၆၅၃၂၀၀ ကျပ်ပေါက် စျေး ရှိနေသည်။ အခြား မြို့နယ်များဖြစ်သည့်ကန်ကြီး၊ ကျုံပျော်၊ ရေကြည်၊ ကျောင်း ကုန်း၊ဇလွန်၊ ဝါးခယ်မ၊ ညောင် တုန်း၊ ပန်းတနော်တို့တွင်ဧည့် မထ မိုးစပါးအသစ် တင်း ၁၀၀ ကို ၅၃၀၀၀၀ကျပ်မှ ၆၁၀၀၀၀ ကျပ်ကြားပေါက်စျေး ရှိပြီး ဆန်တစ်အိတ် အနိမ့်ဆုံး ဈေးနှုန်းမှာ ၂၁၅၀၀  ကျပ်မှ ၂၄၀၀ ကျပ်ရှိကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ