ရန်ကုန် နိုဝင်ဘာ ၁၄
တီကျူးမား အဆောက်အအုံ (Tejoomal Building)သည် ရန်ကုန်မြို့ ကျောက်တံတား မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုး တန်းလမ်းထောင့်ရှိ အမှတ် (၁၃၈/၁၄ဝ) အဆောက်အအုံ တစ်ခုဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ဆင်းဒ်ပြည် နယ်မှ ကုန်သည်များက လာရောက် ဖွင့်လှစ်ခဲ့သည့် နာမည်ကြီး ကုန်တိုက်တစ်ခု ဖြစ်သည်။ အဆိုပါ အချိန် ကာလတွင် ရန်ကုန်မြို့သို့ရောက်လာသူတိုင်းမဖြစ်မနေ လည်ပတ်သင့် ဈေးဝယ်ယူနေ သည့် ဆိုင်တစ်ဆိုင်လည်းဖြစ် ခဲ့သည်။ အဆိုပါ ဆိုင်တွင် ပိုးထည်၊ စိန်ကတ္တီပါ၊အဝတ် အထည်၊ ကော်ဇော၊ သစ်သား ပန်းပြောက်၊ အာရှတစ်ခွင်က ထူးခြား ဆန်းပြားလှသည့် အမှတ်တရ ပစ္စည်းများအပါ အဝင် ပစ္စည်းအမျိုးအစားအစုံအလင်ကိုရောင်းချခဲ့ပြီး အဆိုပါ အချိန်က ရန်ကုန်မြို့၏ အကြီး မားဆုံး ကုန်တိုက်များထဲမှ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
အဆိုပါ အဆောက်အအုံ သည်ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှလည်း ရှေးဟောင်းမြို့ပြ အမွေအနှစ် (Urban Herit-age) အဖြစ် သတ်မှတ် ထားသောအဆောက် အအုံတစ်ခုလည်း ဖြစ်သည်။
အဆိုပါ အဆောက်အအုံကို ရှေးမူမပျက် ပြန်လည်မွမ်းမံ ပြင် ဆင်ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မှ ပညာရှင်များ၊ ဗိသုကာ ပညာရှင်များနှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ရှေးမူ မပျက် အကြီးစားပြန်လည်မွမ်းမံရေး နှင့် အနာဂတ်ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် စံချိန် စံညွှန်း၊ သတ်မှတ်ချက်များကို စနစ်တကျလေ့လာပြုစုဆောင် ရွက်ခဲ့သည်။
အဆိုပါ အဆောက်အအုံကို စံချိန်စံညွှန်း သတ်မှတ်ချက်၊ ရှေးဟောင်း အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းရေး နည်း စနစ်များနှင့်အညီ အကြီးစား ပြန်လည်ပြုပြင်ပြီး ပြင်ဆင်၊ လုပ်ကိုင်၊ လွှဲပြောင်းစနစ်ဖြစ် သည့် Maaintain Operate Transfer(MOT)ဖြင့် ဆောင်ရွက် လိုကြောင်း Unsolicited Proposals တစ်ခုတင်ပြလာ သဖြင့် Swiss Challenge ခေါ်ယူရန် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုများအရ အဆောက်အအုံကို ပြင်ဆင်၊ လုပ်ကိုင်၊ လွှဲပြောင်း Maaintain Operate Transfer (MOT)စနစ်ဖြင့် ဆောင်ရွက် ရန် စိတ်ပါဝင်စားသော လူ ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊အစုအဖွဲ့များ ကို စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest-EOI)များကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။
စိတ်ပါဝင်စားသော လူ ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အစုအဖွဲ့များ အနေဖြင့် သိရှိလိုသည်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ဝ၉-၂၅၀ဝ၆၆၅၆၉ သို့ ဆက်သွယ် စုံစမ်းကာအိတ်ပိတ် ထားသည့် စိတ်ဝင်စားမှု အဆိုပြုလွှာ(Expression of Interest-EOI) များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ၃နာရီ နောက်ဆုံး ပေးပို့ နိုင်ကြောင်း သိရသည်။
ရွှေဒုံသစ္စာ