ထန်းတပင် နိုဝင်ဘာ ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်း ဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်က ကြာအင်း ကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝက မှူးဒေါ်ဝင်းစန္ဒာနှင့်ဝန်ထမ်း များက ကြာအင်းကျေးရွာအုပ်စုအတွင်း အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ ၁၅ ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ ၆၆ ဦး စုစုပေါင်းကျေးရွာ နေပြည်သူ(၈၁)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ် ပြားများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ် ပေးနိုင်ရေးအတွက် ထန်းတပင် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ နေပြည်သူများအား နိုင်ငံသား စိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက် မှစတင်၍ ဆောင်ရွက်ပေး လျက်ရှိပြီး နိုဝင်ဘာ ၁၃ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၆၉ ကတ်နှင့် အိမ်ထောင်စု လူဦး ရေစာရင်း ၇၃၇ ခုတို့ကို ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ ဇင်မင်းထိုက်(ထန်းတပင်)