ကျိုက်လတ် နိုဝင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်းသန့်ရှင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက်၈နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက် ရာသို့ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ၀န်ထမ်းများ စုပေါင်း၍ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာကျောင်းဘေး ဝန်းကျင်ရှိ ချုံနွယ်များ၊ ပေါင်းမြတ် များရှင်းလင်းခြင်း၊ မိုးကုတ်ဓမ္မရိပ်သာ ကျောင်းဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး Centre ထားရှိခဲ့ပြီးယခုအခါ ရောဂါပိုးကုသသူများမရှိတော့သည့် အတွက် ရိပ်သာခန်းမကြီးဝန်းအတွင်း သန့်ရှင်းရေးများဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ဌေးဌေးလှိုင်-ကျိုက်လတ်(ပြန်/ဆက်)