နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်တူရွေးပဲသီးစိုက်တောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေ ကျောက်ပန်းတောင်း

နိုဝင်ဘာ ၁၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက် ပန်းတောင်းမြို့နယ် ကြက်မောက် တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သည့် လက်ပံအိုင့်ကျေးရွာ၊ လဲဂွ ကျေးရွာ၊ မုန့်ကုန်း၊ ညောင်ဖြူပင်၊ကုန်း တဲ၊ညောင်ချိုင်း၊ဆပ်ပြာကျင်း၊မကြီးတိုင်း၊ စည်ပင်သာ၊အိုးအိုင်၊ကင်မွန်း ခြုံကျေးရွာများသည် ကြက်တူရွေးပဲသီးစိုက်ပျိုးခြင်းကို ယခုနှစ်မိုးရာသီ တွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ် ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူး ရောင်းချချိန် တစ်ပိဿာ ၁၂၀၀ ကျပ် ရောင်းချနေရကြောင်း လဲဂွကျေးရွာ ကြက်တူရွေးပဲ စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။


ကြက်တူရွေးပဲ စတင်စိုက်ပျိုးခြင်း ကို ဝါဆိုလ၊ဝါခေါင်လတွင် စတင်စိုက်ပျိုး ခဲ့ပြီး တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးခဲ့ ကြောင်း၊ အစေ့တိုက်ရိုက်မြေချစနစ် ဖြင့် စိုက်ပျိုးပြီး တစ်စေ့နှင့်တစ်စေ့ တစ်ပေအကွာစိုက်ပျိုးကြကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ ၊အပင် ပေါက် ပြီးတစ်လခန့်ကြာလျှင် စတင် ဖူးပွင့်ပြီး အသီးသီးကြောင်း သိရသည်။


 ကြက်တူရွေးပဲသည်ရေကြိုက်ရာ  ယခုနှစ်မိုးရာသီတွင် ကျောက်ပန်း တောင်းမြို့နယ်၌ မိုးရွာသွန်းမှုများသော် လည်းအပင်များ ဖြစ်ထွန်းမှုအား ကောင်းပြီး  ပဲသီးတောင့်ရှည်ကာ   အလုံးတုတ်ခြင်းကြောင့်၊ နွေရာသီ စိုက် ကြက်တူရွေးပဲထက် အချိန် ပိုခံကြောင်း၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ကြက်တူရွေးပဲ စိုက်ပျိုး ခြင်းကို  ယခုနှစ် မိုးရာသီတွင် တောင်သူများ စမ်းသပ်စိုက်ပျိုးကြရာ ပဲသီး အသီးသီးနှုန်းကောင်းမွန်ပြီးဈေးနှုန်းလည်းကြက်တူရွေးပဲစိုက် တောင်သူများ  မျှော်လင့်နေသည့် ဈေးနှုန်း ဖြစ်ခြင်းကြောင့် စိုက်ရကျိုး နပ်သည့်ပဲဖြစ်ခဲ့ကြောင်း၊ ကြက်တူ ရွေးပဲသီး နှစ်ရက်တစ်ခါခူးရခြင်း၊ ရေသွင်းစရာမလိုပဲ မိုးရေဖြင့်အပင် ဖြစ်ထွန်းခြင်းကြောင့် ဒီဇယ်/ဓာတ်ဆီ ဖိုးသက်သာကြောင်း၊ ပေတစ်ရာ ငါးဆယ်ပတ်လည် စိုက်ပျိုးကွက် တစ်ကွက် တစ်ခါဆွတ်ခူးလျှင်ပိဿာချိန် ၂၅ ပိသာဆွတ်ခူးရရှိပြီး တစ်ပိဿာ ၁၂၀၀ ကျပ်ရောင်းချရခြင်းကြောင့် ကြက်တူရွေးပဲ စမ်းသပ်စိုက်ပျိုးတောင် သူများမိသားစုဝင်ငွေ တွက်ခြေကိုက် နေကြကြောင်း၊ ပဲသီးရောင်းချချိန်တွင် လည်း မျက်နှာမငယ်ရဘဲ ကုန်စိမ်းပွဲရုံ များက ချက်ချင်းဝယ်ယူကြကြောင်း၊ ပဲသီးဝယ်ပွဲစားများလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ထွက်ရှိ လာသည့် ကြက်တူရွေးပဲသီးများကိုညောင်ဦး၊မြင်းခြံ ၊ တောင်သာ၊ ငါ့သ ရောက်မှ ပွဲစားများ လာရောက်ဝယ်ယူ ကြခြင်းများလည်းရှိကာ ဈေးကွက်သို့ ကိုယ်တိုင်ရောင်းချခြင်းများလည်း ရှိကြောင်း  ကြက်တူရွေးပဲစိုက်ပျိုးခြင်း ဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေ ကြကြောင်း၊ မိုးများသည့် ဒေသများ တွင် ကြက်တူရွေးပဲ  စိုက်ပျိုးသင့် ကြောင်းလည်း  မုန့်ကုန်းကျေးရွာမှ ဦးနန်းတင်က ရှင်းပြသည်။                   

 ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ