နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းခရီးသွားကဏ္ဍ တည်တည်ငြိမ်ငြိမ်လည်ပတ်လာနိုင်ပါက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွားများ လာရောက်နိုင်မည်

ရန်ကုန်  နိုဝင်ဘာ  ၁၄


နိုင်ငံနှင့်တစ်ဝန်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနှုန်းကျဆင်းလာမှုအပေါ် အခြေခံ ကာ ယခုပွင့်လင်းရာသီ၏ ပြည်တွင်း ခရီးသွားလုပ်ငန်းများသည် ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများ တွင် စတင်လာပြီဖြစ်ရာ တည်တည် ငြိမ်ငြိမ် လည်ပတ်လာပြီဆိုလျှင် လာမည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ တကာ ခရီးသွားများပါ လာရောက်နိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းက သိရသည်။


"အခုလောလောဆယ်မှာ ကိုဗစ် တတိယလှိုင်းကလည်း အတော်လျော့ကျ သွားပါပြီ၊ အခြားနိုင်ငံတွေမှာကတော့ ကိုဗစ်စတုတ္ထလှိုင်းဆိုပြီး ဖြစ်နေပေမယ့် လည်း ကျွန်တော်တို့ ဒေသတွင်း တချို့နိုင်ငံတွေက ခရီးသွားလုပ်ငန်း တွေ အခုနိုဝင်ဘာလထဲမှာ ပြန်လည် ဖွင့်လှစ်ပါပြီ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ က ဒီဇင်ဘာနဲ့ ဇန်နဝါရီလထဲ လောက်မှာ ပြန်ဖွင့်ဖို့ လမ်းညွှန်မှာကြား ထားတာရှိတယ်။ ကျွန်တော်တို့ ပုဂ္ဂလိက ကဏ္ဍအနေနဲ့က ခရီးသွားလုပ်ငန်း တွေ ပြန်ဖွင့်ဖို့ ဝိုင်းဝန်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ အခု အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာတော့ ပြည်တွင်း ခရီးသွားက မိသားစုခရီးသွားအနေနဲ့ သွားလာနေကြတယ်။ ကိုဗစ်ပြီးတဲ့ ကာလမှာ အရင်တုန်းကလို ကားကြီး တွေနဲ့ စုပြုံပြီး အုပ်စုလိုက်ကြီးတွေ မသွားကြတော့ဘဲ မိသားစုအလိုက် ကိုယ့်ကားနဲ့ကိုယ် မွန်းကြပ်မှုတွေ ကို ဖြေဖျောက်ဖို့ ကျေးလက်တွေ တောတောင်တွေ တောရွာတွေကို သွားကြတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ခရီးစဉ်ဒေသအသစ်တွေ ဖော်ထုတ် ထားတာတွေရှိတယ်။ တချို့ဒေသတွေ ဆိုရင် ဟိုတယ်တွေ ပြည့်သွားတဲ့ အထိ ခရီးသွားနေကြတယ်။ မကြာခင် မှာ တန်ဆောင်တိုင်ပွဲတော်တွေနဲ့ ခရစ်စမတ်ပွဲတော်တွေ လာတော့ မှာဖြစ်တော့ ပြည်တွင်းခရီးသွား လည်ပတ်လာပြီဆိုရင် ပြည်ပခရီးသွား တွေကိုလည်း ဆွဲဆောင်ဖို့လိုပါတယ်။ ပြည်တွင်းခရီးသွားကို တည်တည် ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ရင် နိုင်ငံ တကာခရီးသွားတွေလည်း လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ လာရောက်နိုင်ပါ တယ်"ဟု  မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က ပြောသည်။


နိုင်ငံခြားသား ခရီးသွားများဝင်ရောက် လာနိုင်ရေးအတွက် သက်ဆိုင်ရာ အလိုက် လိုအပ်သော ဗီဇာပေါ်လဆီ များ၊ ကျန်းမာရေးနှင့် ပတ်သက်သော အာမခံစနစ်များ၊ နိုင်ငံအတွင်း လာရောက် မည့်အစီအမံများကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း အနေဖြင့် ကြိုတင်ဆွေးနွေးမှုများ ဆောင်ရွက် ထားကြောင်း သိရသည်။ 


ယခုအခါတွင် ပြည်တွင်ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ် သည်။ ခရီးစဉ်ဒေသအသစ်များကို  ကိုဗစ်ကာလအတွင်း ဝန်ကြီးဌာနအနေ ဖြင့် ဖော်ဆောင်ကာ ပြင်ဆင်နေသည် များရှိကြောင်း ယခုခရီးသွားကဏ္ဍ ပြန်လည်ပတ်လာပြီဆိုလျှင် ထိုခရီးစဉ် သစ်များကို သွားရောက်လည်ပတ်ကြ မည်ဖြစ်သည်။ ထို့အပြင် ခရီးစဉ်ဒေသ အဟောင်းများဖြစ်သော ကမ်းခြေများ၊ ပုဂံခရီးစဉ်များ သွားရောက်ကြမည်ဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းက သိရသည်။             မင်းခ






အခြားဆက်စပ်သတင်းများ