ရန်ကုန် နိုဝင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်ပေး ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ (ပုံ) ကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော SINOVAC ဆေး များနှင့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သော Sinopharm ကာကွယ် ဆေးများကို နေပြည်တော်ကောင်စီ နယ်မြေသို့ SINOVAC ဆေး ၃၁၅၅၂ လုံး နှင့် ဆေးထိုးအပ် ၆၃၁၀၄ ချောင်း၊ မော်လမြိုင်မြို့သို့ SINOVAC ဆေး ၂၈၀၃၉ လုံးနှင့် Sinopharm ဆေး ၂၀၀၀၀ လုံး၊ ကရင်ပြည်နယ်သို့ SINOVAC ဆေး ၁၅၀၁၈ လုံးနှင့် Sinopharm ဆေး ၁၀၀၀၀ လုံး၊ ပဲခူးတိုင်းဒေသကြီးသို့ SINOVAC ဆေး ၄၂၂၂၂ လုံး နှင့် Sinopharm ဆေး ၂၃၁၃၁ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။ (WP)