ဆီးချို၊ သွေးချိုရောဂါသည် ကမ္ဘာပေါ်ရှိလူဦးရေ သန်း ၃၅၀ ကျော်ကို ဒုက္ခပေးလျက်ရှိသည်။ အများစုမှာ ယင်းရောဂါနှင့် ဆက်စပ်သည့် အကျိုးဆက်များကို ခံစားရပြီး အရွယ်မတိုင်မီ သေဆုံးကြသည်။ နှလုံးသွေးကြောရောဂါသည် ကျောက်ကပ်ကို ပျက်စီးစေသည့်ရောဂါများထဲမှ တစ်ခုဖြစ်သော သွေးချို၊ ဆီးချို ရောဂါရှင်များထဲမှ တစ်ဝက်ကို သေဆုံးစေခဲ့သည်။
ကမ္ဘာပေါ်တွင် လူပေါင်း ၃၈၂ သန်း ဆီးချို၊ သွေးချိုရောဂါ ဝေဒနာခံစားနေရကြောင်း ၂၀၁၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူပေါင်း ၅ ဒသမ ၁ သန်းသည် ဆီးချို၊ သွေးချို ရောဂါနှင့် နှီးနွှယ်ရောဂါ များကြောင့် သေဆုံးနေရကြောင်း၊ ခြောက်စက္ကန့်တွင် လူတစ်ဦး ဆီးချို၊ သွေးချိုရောဂါကြောင့် သေဆုံးနေရကြောင်း သုတေသီ များက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အသက် ၂၀ မှ ၇၉ နှစ်အတွင်း လူဦးရေ နှစ်သန်းခန့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်ကြောင်း ခန့်မှန်း ထားပေသည်။ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ ၂၀၂၅ ခုနှစ်တွင် ရပ်တန့်ရန် ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးက ကတိ ကဝတ် ပြုထားသည်။
ကျွန်ုပ်တို့နိုင်ငံ၌ လူကုံထံအသိုင်းအဝိုင်းတွင် လူနေမှုဘဝနှင့် ဆက်နွှယ်နေသောရောဂါဖြစ်ကြောင်း လွဲမှားစွာယူဆကြသော် လည်း ဆီးချို၊ သွေးချိုရောဂါကို ကာကွယ်ကြရာတွင် လူတိုင်း အစားအသောက်ဆင်ခြင်ကြပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်တတ်ရန် လိုအပ်သည်။
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊ ရေဆာလျှင် ရေကိုသာသောက်သုံးခြင်း၊ စိတ်သောကများကို တတ်နိုင်သမျှ လျော့နိုင်သမျှ ကြိုးစားနေထိုင်ခြင်းဖြင့် ဆီးချို၊ သွေးချို ရောဂါကို ဘက်ပေါင်းစုံမှကာကွယ်ရန် လိုအပ်ပေသည်။
ဆီးချိုဖြစ်သည်နှင့်တစ်ပြိုင်နက် သွေးတိုးရောဂါသည် ထက်ကြပ်မကွာလိုက်ပါလျက်ရှိသည်ကို တွေ့ရသည်။ ဆီးချို သမားများတွင် သွေးအတွင်း၌ ကောင်းသောအဆီများထက် မကောင်းသောအဆီများပိတ်ဆို့ရာမှ သွေးတိုးရောဂါဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ သွေးတွင်းသကြားဓာတ်များပြားလာခြင်းကြောင့် သွေးပျစ်လာပြီး သွေးကြောနံရံများထူလာကာ သွေးကြောကျဉ်း လာခြင်းဖြစ်သည်။ ကျန်းမာရေးနှင့်ညီသော စားသုံးမှုသည် သွေးချို၊ ဆီးချိုကို ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းနှစ်မျိုး စလုံး၌ အရေးပါလျက်ရှိသည်။
လူတိုင်းလက်လှမ်းမီပြီး လွယ်လွယ်ကူကူရနိုင်ကာ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို ပိုမိုထုတ်လုပ်ကြရာ တွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်းလက်တွဲဆောင်ရွက်စေချင် ကြောင်း ။ ။