နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန် - ပုသိမ် ကားလမ်းမဘေးယာဉ်တစ်စီး မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၁၄


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာ၊ ရန်ကုန်- ပုသိမ်ကားလမ်းမဘေးတွင် နိုဝင်ဘာ ၁၂ ရက်၊ ည ၇ နာရီခွဲအချိန်က ယာဉ်တစ် စီးအပူလွန်ကဲရာမှ ဝါယာကြိုးများသို့ မီးကူးစက် လောင်ကျွမ်းနေကြောင်း ထန်းတပင် မြို့နယ် မီးသတ်ဦးစီးဌာနက သိရသည်။


ဖြစ်ပွားရာနေရာသို့  ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦး စီးမှူး ဦးမိုးမင်းအောင်ဦးဆောင်ကာ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၃ ဦးတို့ သွားရောက်ခဲ့ကြကာ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဂွမြို့နယ် မှ ရန်ကုန်ဘက်သို့ မောင်းနှင် လာသော မာစီးတီး(ခဲရောင်) ယာဉ်အမှတ် (YGN/-----) အိမ်စီးကားသည် ကားခေါင်း အတွင်း အပူလွန်ကဲရာမှ ဝါယာကြိုးများသို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ် ကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပြီး ကားခေါင်းအတွင်းရှိ ဝါယာကြိုးများနှင့် ဆားကစ်အချို့မှာ ပျော်ကျပျက်စီးခဲ့ကာ တန်ဖိုးငွေကျပ် ၄၉၅ဝဝိ/- ခန့် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကျော်ဇင်ထွန်း တာမွေမြို့နယ် နေသူအားထန်း တပင်မြို့မရဲစခန်းမှ (ပ)၈၈/ ၂၀၂၁/ ရာဇသတ် ကြီးပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

        ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ