နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကျပ်သိန်း ၅၄ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄


ရှမ်းပြည်နယ်  (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် နောင်ချို မြို့နယ် လားရှိုး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ လားရှိုးမှ နောင်ချိုဘက်သို့ ကိုလတ် (၃၀) နှစ် မောင်းနှင်ပြီး အိုက်ပန်းလိုက် ပါလာသည့် မော်တော်ယာဉ်ကို သတင်း အရ စစ်ဆေးရှာဖွေရာ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၅၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၂ ဒသမ ၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော် ထုတ်ချက်အရ ည ၇ နာရီတွင် လားရှိုး မြို့နယ် စဉ့်အင်တံတား၌ မူးယစ်ဆေး ဝါးများ သယ်ဆောင်ခိုင်းသူ အိုက်လာကို မော်တော်ယာဉ်နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သည်။


စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ယင်းတို့ သုံးဦးကို ဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရ သည်။                                    ဆွေဦး






အခြားဆက်စပ်သတင်းများ