နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၅၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၁၁၆ ဦး ပို့ဆောင်

ရန်ကုန်၊  နိုဝင်ဘာ ၁၅

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေ သူများ၊ ကာလတိုဗီဇာဖြင့်  အလည်အပတ် လာရောက်ခဲ့သူများ၊ ပညာတော်သင်များ၊ သင်္ဘောသားများ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရေးအတွက် တစ်ပတ်လျှင် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တိုင်း ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း (Myanmar National Airline-MNA) ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိရာ ယခုအခါ ခရီးသွားလာမှုများပြား လာသည့် အတွက် ခရီးသည်များ၏ လိုအပ်ချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်ကို မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline-MNA) ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ 


ဗန်ကောက်-ရန်ကုန်  ကယ်ဆယ်ရေးလေယာဉ်  (Relief Flight) ခရီးစဉ်သည် တစ်ပတ်လျှင် နှစ်ကြိမ် (ဗုဒ္ဓဟူးနေ့တိုင်းနှင့် တနင်္ဂနွေနေ့တိုင်း) မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline-MNA) ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ နိုဝင်ဘာ ၁၄ ရက် တနင်္ဂနွေနေ့၊ ကယ်ဆယ်ရေးလေယာဉ်သည် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် (၁၈:၂၃) နာရီတွင် ထွက်ခွာ ခဲ့ပြီး၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို (၁၉:၁၃) ချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် မြန်မာနိုင်ငံသား ၁၁၆ ဦး၊ နိုင်ငံခြားသား ၃၄ ဦး၊ စုစုပေါင်း ၁၅၀ ဦးတို့ စီးနင်းလိုက်ပါခဲ့သည်။ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်ဆောင်ကာလ (ရက်သတ္တပတ် ၂၈ ပတ်ကျော်သည့်) ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လေယာဉ် စီးနင်းလိုက်ပါနိုင်ကြောင်း ဆရာဝန်၏ ဆေးထောက်ခံစာများ (Fit to Travel) ယူလာကြရန် မြန်မာသံရုံးက ကြိုတင်မေတ္တာ ရပ်ခံထားသည်။ 


 ကယ်ဆယ်ရေးလေယာဉ်ဖြင့်  လိုက်ပါမည့် ခရီးသည်များသည် လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline-MNA) ၏ ဖုန်းအမှတ်-၀၈၅၇၂၃၃၂၂၁, ၀၉၈၁၀၁၉၅၀၅ တို့သို့ တိုက်ရိုက် ဆက်သွယ်၍ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။ လေယာဉ် ထိုင်ခုံနေရာ အကန့်အသတ်ရှိသည့်အတွက် သံဃာတော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ထိုင်းနိုင်ငံသို့ ဆေးကုသရန်လာရောက်စဉ်  ပိတ်မိနေသည့်  လူနာများနှင့် ကျန်းမာရေးမကောင်းသူများကို ဦးစားပေး၍ လိုက်ပါနိုင်ရေး စီစဉ်ထားရှိကြောင်း အသိပေးထားသည်။                               (WP)






အခြားဆက်စပ်သတင်းများ