နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ

အဓွန့်ရှည်တည်တံ့ရေး လူတိုင်းသက်တမ်းစေ့အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သောကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရပေသည်။

 

ထိရောက်သောကုသမှုတွင် ခေတ်မီဆေးပညာရပ်များအပြင် မြန်မာတိုင်းရင်းဆေးပညာလည်းအပါအဝင်ဖြစ်သည်။ ယနေ့ အချိန်အခါတွင် မြို့ပြကျေးလက်ဒေသနေပြည်သူများသည် မြန်မာ့ တိုင်းရင်းဆေးပညာရပ်နှင့်     တိုင်းရင်းဆေးဝါးများကို    အားကိုး ယုံကြည်စွာအသုံးပြုလျက်ရှိပြီး       မြန်မာနိုင်ငံတွင်      ကျေးလက်  ဒေသနှင့်  ဝေးလံခေါင်းပါးသော   အစွန်အဖျားဒေသများအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက် ရှိနေပြီဖြစ်သည်။


ရှေးမြန်မာတိုင်းရင်းသမားတော်များ    ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှုနည်းများ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျသုတေ သနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသ နိုင်သော ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။


မြန်မာနိုင်ငံအတွင်း သဘာဝအလျောက်ပေါများစွာဖြစ်ထွန်း နေသည့်သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ၊ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက် ဆေးဖက် ဝင်ပစ္စည်းများကို  ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါး အဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိပေသည်။


ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါ သည် ဗီဇမျိုးကွဲအမျိုးမျိုးပြောင်းလဲကာ ကူးစက်မှုနှုန်းမြန်ဆန်ရုံ သာမက အချိန်တိုအတွင်း ကင်းစင်ပပျောက်စေနိုင်မည့် ရောဂါမျိုး မဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် နိုင်ငံတကာတွင် တိုင်းရင်းဆေးဖြင့်ကာကွယ်ကုသနိုင်ရန် သုတေသနပြုဆောင် ရွက်နေရာ  မြန်မာနိုင်ငံတွင်လည်း  နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ၏လက္ခဏာ နှင့်ဆင်တူသည့် ဝိသမအဖျားများတွင်အသုံးပြုသော မာဝေနိဒါန်း ဆေးကျမ်းဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ချင်း တို့ပါဝင် သည့် တိုင်းရင်းဆေးနည်းတစ်လက်အား သုတေသနပြုလုပ်ရန် ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံအတွင်း သဘာဝအလျောက်ပေါများစွာဖြစ်ထွန်း နေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ၊ ရေထွက် မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက် ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။


နာတာရှည်ရောဂါများဖြစ်သော   ဆီးချို၊   သွေးတိုး၊  နှလုံး၊ လေငန်း၊ အသည်း ရောဂါများသည် တိုင်းရင်းဆေးများကို အားကိုး တကြီးဖြင့်ကုသမှုခံယူပြီး       အမြစ်ပြတ်ပျောက်ကင်းသည်ဟု ယုံကြည်စွဲလမ်းကြသည်။ မြန်မာ့တိုင်းရင်းဆေးပညာအဓွန့်ရှည် တည်တံ့ရေးတွင် ပိုမိုယုံကြည်စွာအသုံးပြုနိုင်ပြီး သတ်မှတ်အရည် အသွေးပြည့်မီသော နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေးဝါးများ တိုးတက်ထုတ်လုပ်သုံးစွဲစေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ