နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂


နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းမ ကြီး၊ ကလှိုင်ထော် ဘုရားရှေ့တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ ကျား ၉ ဦး၊ မ  ၄ ဦး၊ စုစုပေါင်း ၁၃ ဦး အနက် ကျားတစ်ဦး (သေဆုံး)နှင့် ကျား ၅ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား မင်္ဂလာဒုံမြို့နယ်လူမှု ကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

အောင်သူရ






အခြားဆက်စပ်သတင်းများ