နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုကလေးမြို့နယ်ရွာသစ်ကျေးရွာတွင် ဘင်္ဂါလီများ ဖမ်းဆီးရမိ

ဘိုကလေး နိုဝင်ဘာ ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ ဘက်ခြမ်းတွင် နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီ၌ တရားမဝင် ဘင်္ဂါလီများ ဖမ်းဆီးရမိ သည်။ ဖြစ်စဉ်မှာ ရွာသစ်ကျေးရွာ ဘက်ခြမ်းတွင် မသင်္ကာဖွယ်ရာစက် လှေတစ်စီးတွေ့ရှိကြောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင် ရာသို့ နိုဝင်ဘာ ၁၀ ရက် နံနက် ပိုင်းဖုန်းဆက် အကြောင်းကြား သဖြင့် ဘိုကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲဝေလင်းနှင့်အဖွဲ့မှ သွားရောက်စစ် ဆေးခဲ့ရာ ဘိုကလေးမြို့နယ်၊ ပိုက်စလ ကျေးရွာနေသူ အောင်စိုးနိုင်မှစက်လှေ မောင်းနှင်ပြီး  ဌေးကြိုင်နှင့်အငယ်ကောင် ဆိုသူတို့နှစ်ဦး အကူလိုက်ပါလာသော အတောင်(၃၀)ခန့်ရှိ ချွန်းစက်လှေ ပေါ်တွင်  ဘင်္ဂါလီ လူမျိုး ကျား ၅ ဦး၊ မ ၂၅ ဦးတို့ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အား ကိုင်းသောင်ကျေးရွာမှ တွံတေးမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာကြောင်း သိရှိရသည်။


၎င်းကိစ္စနှင့်ပတ်သက်၍ လိုအပ် သည်များ စစ်ဆေးမေးမြန်းနိုင်ရန်စက် လှေမောင်းနှင်သူများနှင့် ဘင်္ဂါလီလူမျိုး များအား တာဝန်ရှိသူများမှ ဘိုကလေး မြို့မရဲစခန်းသို့ ခေါ်ဆောင်လာပြီးမြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ရုံးအဖွဲ့နှင့် ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။              မိုးစက်(ဘိုကလေး)






အခြားဆက်စပ်သတင်းများ