နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်တလန်မြို့ပေါ် နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့ မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်

ရန်ကုန် နိုဝင်ဘာ ၁၁


အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ဒေသခံ ပြည်သူလူထုအတွက် လမ်းပန်းဆက် သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ် များအတွက်  အလေးထားအသုံးပြုလျက် ရှိသော လမ်းတံတားများအား ဖောက် ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူလူထု ကို စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်စေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီး ခြင်းများအပြင် ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။


ထိုအကြမ်းဖက်လုပ်ရပ်များအနက် NUG အကြမ်းဖက်အဖွဲ့၏ ဩဇာခံအဖွဲ့ ဖြစ်သော ဒေသခံ PDF အကြမ်းဖက် အဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲ ခန့်တွင် ထန်တလန်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ် ၃ လုံး (ကာလတန်ဖိုးငွေကျပ် ၂၈ သိန်းကျော်)ကိုလည်းကောင်း၊ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခန့်တွင်  နေအိမ် ၁၅ လုံး (ကာလတန်ဖိုးငွေကျပ်သိန်း ၄၈၀ ကျော်)ကိုလည်းကောင်း အကြောင်းမဲ့ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


အလားတူ နိုဝင်ဘာ ၆ ရက် နံနက်  ၅ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နယ်မြေခံလုံခြုံရေး စခန်းအား လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ သည် တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့ပြီး ယင်းတို့ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ ဈေးဆိုင်တန်း ၆ လုံးနှင့် နေအိမ်တစ်လုံးတို့ကို မီးရှို့   ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ