နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာသင်ဆောင်များနှင့် ပညာရေးဝန်ထမ်းအိမ်ရာများ မီးရှို့ဖျက်ဆီး

ရန်ကုန် နိုဝင်ဘာ ၁၁


နိုဝင်ဘာ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊  ကလေးမြို့၊ အင်းဒိုင်းကုန်း ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ ကျောင်းဝင်းအတွင်းသို့ အကြမ်းဖက် သမား ၂ ဦးက ဆိုင်ကယ်ဖြင့်လာရောက် ၍လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းဝင်းအတွင်းရှိ မုန့်ဆိုင်တန်း အဟောင်းပေါ်သို့ ကျ ရောက် ပေါက်ကွဲ ခဲ့သည်။


 အလားတူ နိုဝင်ဘာ ၈ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကချင် ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းလေး ကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်းရှိ ဆရာ၊ ဆရာမ များ နေထိုင်ရန် ဆောက်လုပ်ထား သည့် အဆောက်အဦ နှစ်လုံးအား အကြမ်းဖက်သမားများက  မီးရှို့ဖျက်ဆီး ခဲ့သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ခန်းတွဲ မြေစိုက် အဆောက်အဦတစ်လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။     ဆွေဦး






အခြားဆက်စပ်သတင်းများ