ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာများ ၏ အပြန်အလှန်အထောက်အကူပြုတိုးတက်လာမှုကြောင့် နိုင်ငံ အသီးသီး၏ လူမှုစီးပွားရေးဘဝ ပြောင်းလဲတိုးတက်လာပေသည်။ နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတထက်ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည် ပြည့်ဝသည့်လူမျိုးဖြစ်ရန် ယနေ့လူငယ်၊ လူရွယ်များကို လေ့ကျင့် ပျိုးထောင်တည်ဆောက်ပေးရန်ဖြစ်သည်။
မြန်မာနိုင်ငံသည် အပြောင်းအလဲအခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများလည်း တွဲလျက်ပါဝင်လာသည်။ မြန်မာ နိုင်ငံနှင့် မြန်မာနိုင်ငံသားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး၊ ပို့ကုန်တိုးတက်ရေး နည်းပညာရရှိရေး မြန်မာ နိုင်ငံသားတို့အတွက် အခွင့်အလမ်းပင်ဖြစ်သည်။
ဝန်ဆောင်မှုဈေးကွက်ထိုးဖောက်မှုနှင့် စီမံခန့်ခွဲမှု၊ အိုင်တီ နည်းပညာသုံးလုပ်ငန်းများအတွက် လုံလောက်သည့်ကျွမ်းကျင် အဆင့်လူသားအရင်းအမြစ်များလိုအပ်နေပေသည်။ ယနေ့အချိန် တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တခြားတိုးတက်ပြောင်းလဲ လျက်ရှိရာ တိုးတက်မှုကို အမီလိုက်နိုင်ရန် ပညာရေးအဆင့်မြင့်မား ရေး၊ ထူးချွန်ထက်မြက်ရေး အစဉ်ကြိုးပမ်းအားထုတ်ရပေမည်။
မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အဓိကမဏ္ဍိုင်သည် ပညာရေးကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍသည်လည်း အဓိကကျပေသည်။
ပညာရေးနှင့်ပတ်သက်၍ နောက်ကျ၍ မရသဖြင့် ကျောင်း သား၊ ကျောင်းသူများ နစ်နာမှုမရှိစေရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ၁၂ နှစ်အထက် ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ အသက် ၄၅ နှစ် အထက် ပြည်သူများကိုလည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိ၊ လုံခြုံရေးနှင့်ပတ်သက်၍လည်း ကျောင်းသားမိဘများ နှင့် ရပ်ရွာအေးချမ်းသာယာရေးလိုလားသူများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုများကြောင့် စာသင်ကျောင်းများတွင် နှောင့် ယှက်မှုများ အနည်းငယ်သာရှိ၊ အချို့နေရာများတွင် ခြိမ်းခြောက် မှုများရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး နှင့်ပတ်သက်၍ မိုက်မဲသည့်လုပ်ရပ်များဖြစ်ပြီး၊ နိုင်ငံကိုဒုက္ခပေး ခြင်းပင်ဖြစ်၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများမှသတင်းပေး၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၇/၂၀၂၁) ကို နိုဝင်ဘာ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ပေသည်။
နိုင်ငံတော်တည်ဆောက်ရာတွင် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည့်အတွက် ပညာရေးကဏ္ဍကို မြင့်မားတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုချင်ပါ ကြောင်း ။ ။