ရန်ကုန်၊ နိုဝင်ဘာ ၉
နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီ ၁၃ မိနစ် အချိန်ခန့် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ အမှတ် ၃ ရပ်ကွက်၊ ငြိမ်းချမ်းရေး ပန်းခြံဝန်း အတွင်းရှိ စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့်လောက်ကိုင် ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ လောက်ကိုင်မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ် ခဲ့ပြီး ညနေ ၆ နာရီ ၃၅ မိနစ်အချိန် မီးငြိမ်း သွားကြောင်း သိရသည်။ အောင်သူရ