နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူး (စကု) မြို့နယ် ယာဉ်တိုက်မှုဖြစ်ပွား

မင်းဘူး၊ နိုဝင်ဘာ ၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်ဘူး-ပဒါန်းကားလမ်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ(တာဘိုင်)အနီး တွင် နိုဝင်ဘာ ၇ ရက် ည ၈ နာရီခွဲ အချိန်ခန့်က ၁၂ ဘီးယာဉ်နှင့် TITAN ၆ ဘီး ယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရ သည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မင်းဘူး(စကု)မြို့နယ်၊ ကန်ရေကျေးရွာအနီး၊မင်း ဘူး-ပဒါန်းကားလမ်း၊ မိုင်တိုင်အမှတ် ၁ မိုင်၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြား၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ(တာဘိုင်) အနီးတွင်မင်းဘူး-ပဒါန်းကားလမ်းမကြီးပေါ်သို့ယာဉ် မောင်းအောင်ဝင်း ၃၄ နှစ် မောင်းနှင် သည့် (7A/-----)၊ NISSAN DIESEN ယာဉ်အမျိုးအစား စိမ်း/ဖြူ/ပြာ/ခဲစပ် ကြားအရောင် သံချောင်းများတင် ဆောင်ထားသော ၁၂ ဘီးယာဉ်သည် နောက်ယာဉ်ကြောမရှင်းဘဲ လမ်းမ ကြီးပေါ်သို့ ယာဉ်နောက်ဆုတ်ခဲ့ရာ မင်းဘူးဘက်မှ ပဒါန်းဘက်သို့ယာဉ် မောင်း ဇင်မင်းထွဋ် ၃၁ နှစ်မောင်းနှင်ပြီး ခေါင်းခန်းတွင် ဦးကြိုင်လွင် ခရုကန် ကျေးရွာနေသူတို့ လိုက်ပါပြီး (1Q/-----)၊ MAZDA TITAN ယာဉ်အမျိုးအစား အဖြူရောင်  ၆ ဘီးယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် MAZDA TITAN ယာဉ်မှာ ရှေ့ခေါင်းညာ ခြမ်းနှင့် ရှေ့လေကာမှန်တို့ ပျက်စီးခဲ့ ပြီး၊ ခရုကန်ကျေးရွာနေ ယာဉ်မောင်း ဇင်မင်းထွဋ်မှာ ယာလက်ကောက်ဝတ်၊ ယာဒူးနှင့် ဝဲခြေထောက်တို့ နာကျင်ပွန်း ပဲ့ပြီး အသက်အန္တရာယ်(မစိုးရိမ်ရ) ဒဏ် ရာဖြင့် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီး ရှိ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မော် တော်ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်ပြီး လမ်းမကြီးယာဉ်ကြော အားဦးစားမပေးဘဲ ယာဉ်တိုက်မှုဖြစ် စေခဲ့သူ တရားခံအောင်ဝင်းကို ဒုရဲအုပ် ဝေလင်းနိုင်၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(မင်းဘူး)မှ မင်းဘူးမြို့မ ရဲစခန်းတွင် တရားလိုပြုတိုင်ကြား ခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရ သည်။            မောင်မောင်(မင်းဘူး)







အခြားဆက်စပ်သတင်းများ