နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Shenzhou-13 အာကာသယာဉ်မှူးများ အရေးပေါ်ရွှေ့ပြောင်းလေ့ကျင့်ခန်းပြုလုပ်

ပေကျင်း နိုဝင်ဘာ  ၉


Shenzhou-13 အာကာသယာဉ်မှူးများသည် ပထမဆုံး အကြိမ် အရေးပေါ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသည့် လေ့ကျင့်မှုကို နိုင်ငံတကာအာကာသစခန်းတွင် ပြုလုပ်ခဲ့ ကြသည်။ အာကာသယာဉ်မှူးသုံးဦးတို့သည် အာကာသ စခန်း၏ Tianhe ပင်မအစိတ်အပိုင်းနှင့် စခန်းပြင်ပ ပစ္စည်း တစ်ခုခုတိုက်ခိုက်မိသည့် အသွင်ပုံဖေါ်ကာ အာကာသစခန်းမှ Shenzhou-13 အာကာသယာဉ်ထံသို့ အရေးပေါ်ရွှေ့ပြောင်း သည့်လေ့ကျင့်ခန်းကိုပြုလုပ်ခြင်းဖြစ်သည်။ 


အာကာသယာဉ်မှူးသုံးဦးဖြစ်သော Zhai Zhigang,  Wang Yaping နှင့် Ye Guangfu တို့သည် လာမည့်ရက် များတွင် ယင်းတို့၏ အာကာသယာဉ်ပြင်ပလှုပ်ရှားမှုများကိုစတင်လုပ်ကိုင်မည်ဟုမျှော်လင့်ရပြီး ယခုလေ့ကျင့်မှုသည် ထိုကိစ္စများအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ကြောင်း သိရ သည်။ 


လေ့ကျင့်မှုသည် ဖိအားကျဆင်းမှုသတိပေးချက်ဖြင့် စတင်ပြီး Zhai က ကိရိယာများအသုံးပြုပြီး ဆုံးဖြတ်ချက်များ အလျှင်အမြန်ချမှတ်ခြင်း၊ Ye က အတွင်းပိုင်းဖိအားကို ထိန်းထားနိုင်ရန် ဓာတ်ငွေ့ဆလင်ဒါကိုဖွင့်ခြင်း ၊  Ye နှင့် Wang တို့က ကုန်တင်အာကာသယာဉ်များဖြစ်သော Tianzhou-2 နှင့် Tianzhou-3 တို့၏ ဝင်ပေါက်များကိုပိတ်လိုက်ခြင်း စသည့်လုပ်ဆောင်ချက်များကို အပိုင်းလိုက်လေ့ကျင့်ကြခြင်း ဖြစ်သည်။


လေ့ကျင့်မှုကို မြေပြင်အဖွဲ့၏အကူအညီဖြင့် လုပ်ငန်း တစ်ခုလုံးကို လျင်မြန်စွာလုပ်ဆောင်ပြီး မိနစ်ပိုင်းအတွင်း Shenzhou-13 ဆီသို့ဆုတ်ခွာကြောင်း သိရသည်။

မျိုးဝင်း (Ref: BBC)






အခြားဆက်စပ်သတင်းများ