နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသုံးကုန်တင်လာသည့်ကားက တိုးလ်ဂိတ်နှင့် ယာဉ်ခြောက်စီးကို ဝင်တိုက် လူ ၁၉ ဦး သေဆုံး

မက္ကဆီကို  နိုဝင်ဘာ  ၉


မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ အဝေး ပြေးလမ်းမတစ်ခုပေါ်တွင် သယ်ယူ ပို့ဆောင်ရေး ထရပ်ကားတစ်စီးက တိုးဂိတ်တစ်ခုနှင့် အခြားယာဉ် ခြောက်စီးကိုဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရခဲ့ကြောင်း အာဏာပိုင်များက ပြော ကြားသည်။ 


မက္ကဆီကိုစီးတီးနှင့် ပူဘာလာ ပြည်နယ်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးတွင် ဘရိတ် ချို့ယွင်းခဲ့သည့် ကုန်တင်ကားမှာ တိုးဂိတ်သို့ဝင်တိုက်ပြီးနောက် ယာဉ် များကို ဆက်လက်တိုက်မိခဲ့ကာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။  


မက္ကဆီကို၏ လမ်းနှင့်တံတား ဖက်ဒရယ်အေဂျင်စီမှ ထုတ်ပြန်ချက် တစ်ခုတွင် ထရပ်ကားမှာ ထိုအချိန်က ခေါင်းလျှော်ရည်ကုမ္ပဏီ အခြေစိုက်ရာ ဂိုထောင်သို့ ပို့ဆောင်နေခြင်းဖြစ် ကြောင်းပြောကြားခဲ့ပြီး ယင်း မတော်တဆမှုသည် မက္ကဆီကို ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  


အဆိုပါယာဉ်တိုက်မှုတွင် မီးလောင် မှုဖြစ်ပွားခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာအနီးရှိ ယာဉ်အချို့ပါ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ရဲခေါင် (Ref: BBC)






အခြားဆက်စပ်သတင်းများ