နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် နိုင်ငံခြားအရန်ငွေထားရှိမှု ပြန်လည်မြင့်တက်လာ

ပေကျင်း    နိုဝင်ဘာ  ၈

တရုတ်နိုင်ငံ၏  နိုင်ငံခြား အရန်ငွေထားရှိမှုဟာ အောက်တိုဘာ လအတွင်း ပြန်လည်မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာသည် အခြား ငွေကြေးများထက် တန်ဖိုးအနည်းငယ် ကျဆင်းရာ ပထမဆုံးပြန်လည် မြင့်တက်လာကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ သည် ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး အောက်တိုဘာလကုန်အထိ ကန် ဒေါ်လာ ၃ ဒသမ ၂၁၈ ထရီလီယံရှိခဲ့ခြင်း ကြောင့် ယခင်လထက် ဝ ဒသမ ၅၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံခြားသုံးငွေ နိုင်ငံတော်စီမံခန့်ခွဲ ရေး၏အချက်အလက်တွင် ဖော်ပြထား သည်။
ပြီးခဲ့သည့်နှစ်က ခန့်မှန်းထား သော စစ်တမ်းများထက် ပိုပြီးမြင့်မား လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကောက်ယူထား သောစစ်တမ်းအရ မြင့်တက်လာမှု ၃ ဒသမ ၁၂၈ ထရီလီယံသာရှိရန် ခန့်မှန်းထားသော်လည်း လက်တွေ့ တွင် ၃ ဒသမ ၁၉၇ ထရီလီယံအထိမြင့် တက်လာခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေနိုင်ငံတော် စီမံခန့်ခွဲ ရေးရုံး၏ပြောကြားချက်အရ လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်ကပ်ရောဂါနှင့် စီးပွားရေးပြန်လည် လည်ပတ်မှုရှိစေ ရန်ဆောင်ရွက်နေချိန်တွင် တရုတ် နိုင်ငံ၏စီးပွားရေးသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး နိုင်ငံခြားအရန်ငွေ နှင့်ပတ်သက်လျှင် တည်ငြိမ်စွာရှိရန် အခွင့်အရေးများစွာရှိကြောင်း ကြေညာ ချက်ထုတ်ပြန်ထားသည်။
ရဲခေါင်(ref:BBC)






အခြားဆက်စပ်သတင်းများ