နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ကြမ်းပြတ်လပ်မှု ပြင်သစ်နှင့် ဂျာမနီ စက်မှုကုန်ထုတ်လုပ်မှုကျဆင်း

ပဲရစ်   နိုဝင်ဘာ  ၈

စက်တင်ဘာလအတွင်း ပြင်သစ်နှင့် ဂျာမနီနှစ်နိုင်ငံတွင် ကုန်ကြမ်းရရှိမှု နောက်ကျခြင်းကြောင့် စက်မှုကုန်ထုတ်လုပ်မှုပမာဏမှာလည်း ကျဆင်းသွား ကြောင်း ဖော်ပြထားသည်။

ဂျာမနီနိုင်ငံတွင် ပို့ကုန်လုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးသွေးကြော ဖြစ်နေပြီး ပြီးခဲ့သည့် ဩဂုတ်လမှ စက်တင်ဘာလအတွင်း စက်မှုကုန်ပစ္စည်း ထုတ်လုပ်မှုပမာဏမှာ ၃ ဒသမ ၁ ရာခိုင်နူန်းကျဆင်းခဲ့ကြောင်း အမျိုးသား စာရင်းအင်းရုံးအေဂျင်စီ၏ အချက်အလက်များအရ သိရသည်။
ဂျာမနီတွင် ကပ်ရောဂါမဖြစ်မီကာလနှင့် ထုတ်လုပ်မှုပမာဏ နှိုင်းယှဉ်မည် ဆိုပါက ၉ ဒသမ ၅ ရာခိုင်နူန်းကျဆင်းလာကြောင်း၊ အလားတူ ပြင်သစ်နိုင်ငံတွင် လည်း ၇ လ အတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုကျဆင်းမှုကို ပထမဆုံးအကြိမ် ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ဩဂုတ်လထက် ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း ပြင်သစ်စာရင်းအင်းအေဂျင်စီ INEE ကဖော်ပြထားသည်။

တစ်နှစ်ကျော် လုပ်ငန်းရပ်ဆိုင်းထားခြင်းကြောင့် အချို့ကုန်ပစ္စည်းပံ့ပိုးသူများသည် ကုန်ကြမ်းများကို အချိန်မီ မပို့ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ စီးပွားရေးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်စေရန် ကြိုးစားလာမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးအဆက် များဖြစ်သည့် စက်သုံးဆီ စျေးမြင့်တက်လာမှုနှင့် ကုန်စည်ပြတ်လပ်မှုတို့သည် စီးပွားရေးပြန်လည်ဦးမော့လာရေးကို စိန်ခေါ်နေ ကြောင်း သိရသည်။
မျိုးဝင်း (ref:Reuters)






အခြားဆက်စပ်သတင်းများ