နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပျက်ကျခဲ့သည့် 737 Max လေယာဉ်များအတွက် ကန်ဒေါ်လာ ၂၃၇ သန်းကျော်ပေးဆောင်ရန် သဘောတူ

နယူးယောက်   နိုဝင်ဘာ  ၈

ပျက်ကျခဲ့သည့် 737 Max လေယာဉ်များအတွက် ရှယ်ယာရှင် များကို ကန်ဒေါ်လာ ၂၃၇ သန်းကျော် ပေးဆောင်ရန်  Boeing ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးများအရ သဘောတူ ထားကြောင်း သိရသည်။

၂၀၁၈-၁၉ ခုနှစ်အတွင်း 737 Max နှစ်စင်းပျက်ကျခဲ့ပြီး လူပေါင်း ၃၄၆ဦး သေဆုံးခဲ့ခြင်းကြောင့် Boeing ၏ ရောင်းအားအကောင်းဆုံးလေယာဉ် 737 Max ကို လပေါင်း ၂၀ ကြာ ရပ်နား ခဲ့ရပြီး၊ ဆော့ဖ်ဝဲလ်နှင့် သင်တန်းပေးမှု တွင် တိုးတက်မှုများဆောင်ရွက်ပြီးမှ သာ ပြန်လည် လည်ပတ်ခွင့်ရခဲ့သည်။

သဘောတူညီချက်တွင် Boeing အနေဖြင့်  လေကြောင်းဆိုင်ရာဘုတ် အဖွဲ့ဝင်၊ အင်ဂျင်နီယာနှင့် လေယာဉ်၏ လုံခြုံမှုကိုကြည့်ရှုပေးမည့် ကျွမ်းကျင် သူများကို တစ်နှစ်အတွင်း ထပ်မံ ခန့်အပ်ရမည်ဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်ကြောင့် ရှေ့ဆက်ပြီး လုံခြုံမှုကိုပေးနိုင်ကာ ခရီးသွား ပြည်သူများကို ဝမ်းနည်းစရာအဖြစ်မျိုး မကြုံစေဘဲ ကုမ္ပဏီ၏ နာမည်ကောင်း ပြန်လည်ရရှိစေရန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း Boeing ကုမ္ပဏီက ပြော ကြားထားသည်။ လေယာဉ်ပျက်ကျမှု ကြောင့် Boeing   ဘက်မှ ကန်ဒေါ်လာ ၂၀ ဘီလီယံခန့်နစ်နာခဲ့ရပြီး လျော်ကြေး နှင့်ဒဏ်ကြေးများအတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်ရန် သဘောတူခဲ့ရပြီး လက်ရှိသဘော တူညီချက်တွင်မူ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် ကြီးမား သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်နေကြောင်း တာဝန်ရှိသူ များက ပြောသည်။
ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ