နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ဒင်၏အခြေခံအဆောက်အအုံဆိုင်ရာ ၁ ဒသမ ၂ ထရီလီယံ အစီအစဉ် အမေရိကန်ကွန်ဂရက် အတည်ပြု

ဝါရှင်တန်   နိုဝင်ဘာ  ၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ဒေါ်လာ ၁ ဒသမ၂ ထရီလီယံရှိ အခြေခံအဆောက်အအုံဆိုင်ရာ အစီ အစဉ်ကို အောက်လွှတ်တော်မှ အတည် ပြုပြီးနောက် ယင်း၏အုပ်ချုပ်ရေး အတွက် အဓိကအောင်ပွဲအဖြစ်  အဆိုပါဥပဒေကို လက်မှတ်ရေးထိုးရန် စီစဉ်ထားခဲ့ကြောင်း ပြောကြားလိုက် သည်။

အဆိုပါအစီအစဉ်သည် လနှင့်ချီပြီး ရေးဆွဲခဲ့သည့် ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့ ၏အုတ်မြစ်ဖြစ်ပြီး နိုင်ငံ၏အခြေခံ အဆောက်အအုံအများစုတွင် ယင်း အစီအစဉ်ကြောင့် တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်သည်။  အဆိုပါဥပဒေမူကြမ်းတွင် အမေရိကန် ပြည်ထောင်စုတစ်ဝှမ်းရှိ လမ်းများနှင့် တံတားများ တိုးတက်ကောင်းမွန်စေ ရန်အတွက် ဒေါ်လာဘီလီယံရာနှင့်ချီ ကုန်ကျသည့် တည်ဆောက်ပြုပြင်ရေး အစီအမံများပါဝင်ကြောင်း သိရသည်။   

နိုင်ငံတော်၏ လျှပ်စစ်နှင့်ဓာတ် အားစနစ်တည်ဆောက်မှုများ တိုးတက် စေရန်အတွက် ဒေါ်လာဘီလီယံဆယ် နှင့်ချီ၍ခွင့်ပြုပေးခြင်း၊ မီးရထားဝန် ဆောင်မှု၊ ဆက်သွယ်ရေး ဘရော့ဘန်းဒ် ချဲ့ထွင်ခြင်း၊ ရေအခြေခံအဆောက်အအုံ များ၊လေဆိပ်များ၊ ဆိပ်ကမ်းအခြေခံ အဆောက်အအုံများအပြင် လျှပ်စစ် ကားများအတွက် ဓာတ်အားသွင်းရုံ များတည်ဆောက်သုံးစွဲနိုင်မှု တိုးမြှင့် ရန်အတွက်လည်း ငွေကြေးများ ထောက်ပံ့ပေးမှုများ ပါဝင်မည်ဖြစ် သည်။

 ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ