နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟူစတန်ဂီတပွဲတော်တွင် လူအုပ်ပြိုကျသဖြင့် ၈ ဦးထက်မနည်း သေဆုံး

ချီကာဂို   နိုဝင်ဘာ  ၈

တက္ကဆက်ပြည်နယ်၊ ဟူစတန် မြို့ရှိ ဂီတပွဲတော်တစ်ခုတွင်ဖြစ်ပွားခဲ့ သည့် လူအုပ်ပြိုကျမှုအတွင်း လူရှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။  

မြို့တော်၏ NRG ပန်းခြံတွင် ကျင်းပသည့် Astroworld ပွဲတော်တွင် ပရိသတ်အချို့က Astroworld ပွဲတော် ၏စင်မြင့်ပေါ်သို့ အပြေးအလွှားတက် ခဲ့ကြပြီးနောက် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားသည်။  

ပီနာကပွဲတော်တွင် ရက်ပ်ဂီတနှင့် ဖျော်ဖြေနေစဉ် စင်မြင့်ပေါ်အထိပါ လူစုလူဝေးဖြစ်သွားခဲ့ပြီး အဆိုပါ လူအုပ်ပြိုကျခြင်းကြောင့် သေဆုံးသူ များရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ပွားပြီး လူနာတင်ယာဉ် များရောက်လာကာ လူစုလူဝေးအတွင်း ရှိလူများကို အရေးပေါ်အသက်ကယ် ကုထုံးလုပ်ဆောင်ပေးခဲ့ပြီး အဆိုပါ ဂီတဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။    ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ