နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်းလိုက်နာဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံတွင်  လူဦးရေအထူထပ်ဆုံးနှင့်  အထင်ရှားဆုံး မြို့မှာ ရန်ကုန်မြို့ဖြစ်သည်။ လူမှုဘဝဖြစ်ထွန်းမှုများအားလုံးကို ရန်ကုန်မြို့တွင်   ရှုမဆုံးမြင်တွေ့နိုင်ပါသည်။   ရန်ကုန်မြို့တွင် မော်တော်ယာဉ်များ တိုးတက်များပြားလာမှုမှာ အများဆုံးစုပြုံနေ သည်ဟု ဆိုနိုင်ပါသည်။

တိုးတက်ပြောင်းလဲလာမှုနှင့်အတူ နောက်ဆက်တွဲဆိုးကျိုး များအဖြစ် ယာဉ်ကြောပိတ်ဆို့သဖြင့် ခရီးသွားလာမှု ကြန့်ကြာ ခြင်း၊ လမ်းပိတ်ဆို့မှုဒဏ်ခံရခြင်း၊ မော်တော်ယာဉ်များကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများ မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှုများ၊ ကျန်းမာရေးထိခိုက်မှုများစသည့် ဆိုးကျိုးများကို ရင်ဆိုင်လာကြ ရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒီဇယ်နှင့် ဓာတ်ဆီတင်သွင်း ရမှုတန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံရှိကြောင်း၊ စက် သုံးဆီနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံးခြိုးခြံချွေတာသုံးစွဲနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ အထူးသဖြင့် သွားလာရေးနှင့်ပတ်သက် လို့ရှိရင် Public Transportation ဖြစ်တဲ့ မီးရထား၊ ဘတ်စ်ကား၊ မြို့ပတ်ရထား၊ ဒါတွေကို အဓိကထားသုံးစွဲမယ်ဆိုလို့ရှိရင် ပိုပြီး တော့အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိဘပြည်သူများ အနေဖြင့် ရထားနှင့်ဘတ်စ်ကားအသုံးပြုပြီးတော့ ခရီးသွားလာ ခြင်းကို အားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ၉ လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁ ရက်တွင် ပြော ကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပေသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်      မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ခရီးသည်တင်ယာဉ်လိုင်း များသည် ခရီးသွားပြည်သူလူထုထံမှ သတ်မှတ်ယာဉ်စီးခထက် ပိုမိုတောင်းခံခြင်း၊ ယာဉ်အကူ(စပယ်ယာ)များလိုက်ပါ၍ယာဉ်စီးခ ပိုမိုတောင်းခံခြင်း မချေမငံပြောဆိုဆက်ဆံခြင်းများ YBS ခရီးတင် ယာဉ်များကို ထိရောက်သည့်ပြစ်ဒဏ်ချမှတ်အရေးယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို        ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၆ ရက်က ကျင်းပရာတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် တက်ရောက်မှာကြားခဲ့သည်။

သတ်မှတ်ထားသောစည်းကမ်းဖောက်ကျူးလွန်သော ယာဉ် ၁၃၇ စီးကို ပြစ်ဒဏ်ချမှတ်အရေးယူထားသည်။ စည်းကမ်းဖောက် ဖျက်ယာဉ်များကို ထိရောက်စွာစဉ်ဆက်မပြတ် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရပေသည်။
သို့ဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းဖြင့် သွားလာမှုလွယ်ကူချောမွေ့စေရေး ဝိုင်းဝန်း ကြိုးပမ်းစွမ်းဆောင်စေချင်ကြောင်း ။    ။






အခြားဆက်စပ်သတင်းများ