နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်လင်းရာသီနှင့် မီးဘေးအန္တရာယ်

မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ် သော အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်းဂရုပြု သုံးစွဲသင့်ပေ သည်။ မိမိတို့နိုင်ငံတွင်ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသောမီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်အရ သိရပေသည်။


မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပေသည်။ မီးဘေးအန္တရာယ်ကို ပြည်သူအားလုံး သတိမူလာ ရေးအတွက် အသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိနေသော်လည်း ပြည်သူများ လိုက်နာမှု အားနည်းကြောင်း တွေ့ရပေသည်။


မီးဘေးကြိုတင်ကာကွယ်ရေးတွင်  အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများ မထားခြင်း၊ မီးဖိုများကို စနစ်တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန်ထိန်းသိမ်းခြင်း၊ မီးခွက်မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့် ခြင်ထောင်အနီးတွင် မထွန်းခြင်း၊ ကောက်ရိတ်သိမ်းချိန် တွင် လယ်ကွင်းအတွင်း၌ မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက် ရန် လိုအပ်သည်။


မီးလောင်မှုဖြစ်ပွားလျှင် ထွက်ပြေးပါနှင့်။ ပတ်ဝန်းကျင် ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင် လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒါပေါင်ဒါမှုန့်‌ ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကာကွယ်ရေးနှိုးဆော်ထားသည်။


ယခုအခါ ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံ များ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင် လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်ထားသင့်ကြောင့် မီးသတ်ဦးစီးဌာနက အသိပေးထားသည်။


ဈေးများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေ ရေးအတွက် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်၊ ရေအိတ် များ၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ် လာပါက ရေလုံလောက်စွာရရှိရေး ရေသိုလှောင်ကန်များ ပြင်ဆင် ထားခြင်းများကို ဆောင်ရွက်လျက်ရှိပေသည်။

မီးသုံးစွဲသူများ ဂရုမပြုခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေး လုပ်ဆောင်ရန် လိုက်နာမှုအားနည်းခြင်းတို့ကြောင့် မလိုလားအပ် သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ