နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ဘား၊ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များ ပြန်ဖွင့်ခွင့်ပြု

မေ ၂၉၊ ပါရီ


ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ဘား၊ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီဟု ဝန်ကြီးချုပ် အီဒေါက်ဖီးလစ်က ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံတစ်ဝန်းရှိ ဒေသအားလုံးနီးပါး အစိမ်းရောင်ဇုန်ဖြစ်နေသော်လည်း ပါရီမြို့မှာ လိမ္မော်ရောင်ဇုန်အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ ပါရီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပျံ့နှံ့ရာ မဟုတ်တော့သော်လည်း ဂရုတစိုက် စောင့်ကြည့်ခံနေရဆဲဖြစ်၍ ဆိုင်အတွင်း ရောင်းချခြင်းကို ခွင့်မပြုသေးဘဲ ဆိုင်အပြင်ဘက် လေဝင်၊ လေထွက်ကောင်းတဲ့နေရာများတွင်သာ စားသောက်ခွင့် ပေးထားသည်။ 

ပြင်သစ်နိုင်ငံတွင် မိုင် ၆၀ ထက် ပိုဝေးသည့်ခရီးသွားခြင်း ပိတ်ပင်မှုကို ဖြေလျှော့ပေးခဲ့သော်လည်း လူ ၁၀ ဦးအထက် စုဝေးမှုကို ပိတ်ပင်ထားဆဲဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၈၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၈၆၀၀၀ ကျော် ကူးစက်ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံမှာ ဇွန်လ ၁၅ ရက်တွင် အခြားဥရောပနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်များကို ပြန်ဖွင့်ရန် ရှိနေသည်ဟု အီဒေါက်ဖီးလစ်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ