နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်းရဲသောနိုင်ငံများ Covid ကာကွယ်ဆေးရရှိရေးအတွက် စက်မှုထိပ်သီးနိုင်ငံ ၂၀ အပေါ် ဖိအားတိုးလာနေ

ဂျီနီဗာ၊  နိုဝင်ဘာ ၃


ချမ်းသာသော နိုင်ငံများသည် ယင်း တို့ပြည်သူများကို    တတိယအကြိမ် ကာကွယ် ဆေးထိုးပေးနေပြီး ကလေး ငယ်များကိုပင် ပိုမိုထိုးပေးနေသော် လည်း ဆင်းရဲသောနိုင်ငံများမှာ လူ ၁၀၀ အတွက် ကာကွယ်ဆေးလေးလုံး သာရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောသည်။ 


စက်မှုထိပ်သီး နိုင်ငံ ၂၀ (G20) အစည်းအဝေး စတင်ချိန်မှစပြီး ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး ၂၀ တို့မှ ခေါင်းဆောင်များက ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကို အဆုံးသတ်လိုကြောင်း သတင်းစကားများ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။ 


ကပ်ရောဂါ    စတင်ပြီးနောက် ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံသည့် အစည်းအဝေး      ဖွင့်ပွဲမိန့်ခွန်းတွင် အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီက ဆင်းရဲသောနိုင်ငံများနှင့် ချမ်းသာသော နိုင်ငံများအကြား ကာကွယ်ဆေးမညီမျှ မှု အကြီးအကျယ်ဖြစ်နေခြင်းကိုထောက် ပြ ပြောဆိုသည်။ 


သို့သော်ခေါင်းဆောင်များသည် အနာဂတ် ကပ်ရောဂါကာကွယ်ရေး စီမံကိန်းများကို ဆွေးနွေးသောအခါ ကျန်းမာရေး  ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက   ချမ်းသာ သောနိုင်ငံများ ဆင်းရဲသောနိုင်ငံများ ယခုအကျပ်အတည်းကိုကျော်လွှားနိုင် ရန်      လုံလောက်စွာလုပ်ကိုင်ပေး ခြင်းမရှိသည်ကို   စိုးရိမ်ကြောင်းပြော သည်။ 


ထို့ပြင် ကတိပြုထားသော ဆေးများ အနက် သန်း ၃၀၀ ကိုသာ ယခုနှစ်အတွင်း တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ