နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါအတွင်း နယူးယောက်ပြည်နယ် အလုပ်သမားလိုအပ်ချက်များရင်ဆိုင်နေရ

နယူးယောက်၊  နိုဝင်ဘာ ၃


စင်ကာပူအခြေစိုက်သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် ကုမ္ပဏီအများစုသည် ကိုဗစ်ကပ်ရောဂါအတွင်း အလုပ်သမား လိုအပ်ချက်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ CNA သတင်း ဌာန၏ ဖော်ပြချက်အရ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော သန်းချီ အလုပ်သမားများသည် လုပ်ငန်းခွင်သို့ ပြန်ဝင်ကြသော်လည်း အမေရိကန်ကမူ အလုပ်သမားလိုအပ်ချက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်. တရားဝင်ထုတ်ပြန် ထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ဩဂုတ်လအတွင်း အလုပ် ပေါင်း ၁၀ သန်းခန့်မှာ လစ်ဟာသွားခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။ 


ထို့အပြင် အမေရိကန်နိုင်ငံ၏ အလုပ်သမားအင်အားကို တိုင်းတာပေးသည့် လုပ်ငန်းခွင်တွင် ပါဝင်မှုမှာလည်း စက်တင်ဘာလအတွင်း ၆၁ ဒသမ ၆ ရာခိုင်နှုန်း သာရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာတွင် ဖော်ပြထားသည်။ 


အလုပ်သမားလိုအပ်ချက်များကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာရှိပြီး အိမ်တွင် ကလေးငယ်များနှင့်  သက်ကြီးရွယ်အိုရှိသူများကမူ ကိုဗစ်ရောဂါကူးစက် ခံရမည်ကို စိုးရိမ်နေကြပြီး အလုပ်သမားဘဝနှင့် နည်းပါးသော လုပ်အားခများက လည်း လုပ်ငန်းခွင်ဝင်ရန်  အတားအဆီးသဖွယ်ဖြစ်နေကြောင်း ဖော်ပြထား သည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ