နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပညာသင်ကြားမည့် ကျောင်းနေအရွယ် ကလေးသူငယ်များ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် စာသင်ကျောင်းများဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

ရန်ကုန်၊  နိုဝင်ဘာ ၂


အကြမ်းဖက်အဖွဲ့အစည်းများဖြစ် သည့် CRPH၊ NUG နှင့် PDF အကြမ်း ဖက်သမားများသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင်  လက်နက်ကိုင် တိုက်ခိုက်မှုများ၊  နေအိမ်များ၊ လမ်း တံတားများနှင့်  ပြည်သူပိုင်ရုံး၊ ဌာန အဆောက်အဦများအား ဖောက်ခွဲဖျက် ဆီးမှုများအပြင်  ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်း များ ကိုပါ ဗုံးထောင်၊ ဖောက်ခွဲ၊ ဖျက်ဆီး မှုများအထိ    လုပ်ဆောင်လျက်ရှိကြ သည်။


ထိုသို့     လုပ်ဆောင်လျက်ရှိရာ အောက် တို ဘာ ၃၁ ရက်၊  ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်၊ ကုတိုး ကုံးရပ်ရှိ အမှတ် (၁) အခြေခံပညာမူလ တန်းကျောင်းအနီးလမ်းပေါ်၌ အကြမ်း ဖက် သမားတစ်ဦးက မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း    သိရှိရသည်။ 


အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာပေါက် ကွဲမှုကြောင့်  ထိခိုက်ဒဏ်ရာများရရှိ၍ သေဆုံးနေသည့် အကြမ်းဖက်သမား တစ်ဦးကိုတွေ့ရှိရပြီး ၎င်းအနီးမှ လက် ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ကျောင်း ဆောင်၏     မျက်နှာကြက်များနှင့် ပြတင်းပေါက်တံခါးမှန်များ  ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။


အလားတူ နိုဝင်ဘာ ၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အတွင်း ပေါက်ကွဲသံ နှစ်ကြိမ်ကြားရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကသွား ရောက်စစ်ဆေးရာ    ဗားကရာလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြည့်မြင်တိုင်)ရှေ့လမ်းဘေး၌ ပေါက် ကွဲထားသောဖုန်းအပိုင်းအစများ PVC ပိုက်အပိုင်းအစများနှင့်  ဆားကစ်ပြား အပိုင်းအစများကို  သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ  ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်းသိရ သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ