နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် ထပ်မံရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံရှိ TCP Group ထုတ်ပြန်

ဘန်ကောက်၊  နိုဝင်ဘာ ၂


ထိုင်းနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း   ဖြစ်သည့် TCP Group သည် လာမည့် တရုတ်-နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ယင်းတို့ ၏ ကုန်ပစ္စည်းအသစ်ကို မိတ်ဆက်ပြသ ဖွယ်ရှိကြောင်း TCP Group China ၏ ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သည့် စူပါချိုင်ဂျွန်ဂယက်က ပြောသည်။

တရုတ်-နိုင်ငံတကာသွင်းကုန်ပြပွဲ ကြီးသည် တရုတ်နိုင်ငံ၏ စျေးကွက်များ ကို ထိုးဖောက်ရာတွင် ထိရောက်သော ပြပွဲကြီးဖြစ်ကြောင်းလည်း ပြောသည်။


ရှန်ဟိုင်းတွင် ပြုလုပ်မည့် ပြပွဲကြီး တွင် ပါဝင်ခွင့်ရခြင်းမှာ TCP Group အတွက်  သုံးကြိမ်မြောက်ဖြစ်ပြီး ယခု ရင်းနှီးမြှုပ်နှံမှုမှာ ကုန်စည်ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုမှ ထုတ်ကုန်အရည်အသွေး မြင့်မားစေရန်ဆောင်ရွက်မှုနှင့်  ကုန် ထုတ်လုပ်မှုအထိ ပါဝင်မည်ဖြစ်ကြောင်း စူပါချိုင်ဂျွန်ဂယက်က ပြောသည်။


ယင်းတို့အနေဖြင့်   စျေးကွက်နှင့် အရောင်းအဝယ်တစ်ခုတည်းကိုသာ စဉ်းစားနေခြင်းမဟုတ်ဘဲ  ရေရှည်တိုး တက်မှုအတွက်ကိုလည်း  ဆောင်ရွက်နေ ကြောင်းပြောသည်။ ယခုလို   ဘက်စုံရင်း နှီးမြှုပ်နှံမှုလုပ်ဆောင်မှုသည်             ယခု နောက်ပိုင်း ထိုင်းစီးပွားရေးလုပ်ငန်းအ တော်များများ၏  စီးပွားရေးနည်းဗျူဟာ    ဖြစ်နေပြီဖြစ်ကြောင်း  တရုတ်နိုင်ငံရှိထိုင်း ကုန်သည်ကြီးများအသင်း၏  ဒုဥက္ကဋ္ဌ    ဖိုင်ချစ်ဗီဗုန် တန်နဆန်က   ပြောကြား ထားသည်။                   မျိုးဝင်း (ref:BBC)






အခြားဆက်စပ်သတင်းများ