နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ခုနှစ်အတွင်း Pfizer ကာကွယ်ဆေး ရောင်းချရမှု ဒေါ်လာ ၃၆ ဘီလီယံထိရှိမည်ဟု ပြင်ဆင်ခန့်မှန်း

အန်ကာရာ၊  နိုဝင်ဘာ ၅

Pfizer ဆေးကုမ္ပဏီက ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးရောင်းချမှုမှ ယင်း၏ ဝင်ငွေခန့်မှန်းချက်ကို ၂၀၂၁ ခုနှစ်အတွက် ဒေါ်လာ ၃၆  ဘီလီယံ အထိ တိုးမြှင့်ခဲ့ကြောင်း ဘဏ္ဍာရေးထုတ်ပြန် ချက်တစ်ခု ထုတ်ပြန်လိုက်သည်။ အမေရိ ကန်ဆေးဝါးကုမ္ပဏီဖြစ်သည့် Pfizer ၏ ဇူလိုင်လအတွင်းက ခန့်မှန်းခဲ့သည့် ၂၀၂၁ ခုနှစ် အတွက် ခန့်မှန်းမှုမှာ ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် မေလနှင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၆ ဘီလီယံနှင့် ဒေါ်လာ ၁၅ ဘီလီယံဖိုးထုတ်လုပ်ရန်  အသီးသီးခန့် မှန်းခဲ့ခြင်းဖြစ်သည်။  
အရောင်းခန့်မှန်းချက်တွင် ပိုမိုပြင် ဆင်သတ်မှတ်ရခြင်းမှာ  ၂၀၂၁ ခုနှစ် အတွင်းပေးရမည့် ကာကွယ်ဆေး၊ ထိုး ဆေးပမာဏ၏မြင့်မားမှုကို ထင်ဟပ် စေကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး ယင်းပမာဏမှာ ကမ္ဘာတစ်ဝန်းတွင် ခန့် မှန်းခြေ ၂ ဒသမ ၃ ဘီလီယံထိ ဖြစ်နိုင် ကြောင်း သိရသည်။  

အမေရိကန်ဆေးဝါးနှင့် အစား အသောက်အုပ်ချုပ်ရေးအဖွဲ့ (FDA)က Pfizer-BioNTech ကုမ္ပဏီက ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက် ထိုးပေးနိုင်ရန် သောကြာနေ့တွင်   ခွင့်ပြုပေးခဲ့သည့် အတွက် သန်းနှင့်ချီသည့်  ထိုးနှံမှုများ အတွက် တံခါးဖွင့်ပေးခဲ့သည်။  

Pfizer သည် ယမန်နှစ်အလားတူ ကာလက ဒေါ်လာ ၁၀ ဒသမ ၂၇ ဘီလီယံမှ  ယခုနှစ်တွင် ၁၃၄ ရာခိုင် နူန်း တိုးကာ ၂၄ ဒသမ ၁ ဘီလီယံအထိ ဝင်ငွေတိုးလာခဲ့သည်။ နယူးယောက် စတော့အိတ်ချိန်းတွင် ၎င်း၏ စတော့ စျေးနှုန်းမှာလည်း ၃ ဒသမ ၃ ရာခိုင်နှုန်း တက်ကာ ၄၅ ဒသမ ၀၉ ဒေါ်လာ အထိ ရှိလာခဲ့သည်။         ရဲခေါင် (Ref: BBC)






အခြားဆက်စပ်သတင်းများ