ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၃၅၊ မြေကွက်အမှတ်-၅၀၉၊ မြေကွက်တည်နေရာအမှတ်-၅၀၉၊ သမိန်ဗရမ်း လမ်း၊ (၃၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါ်ခင်မြတ်မြတ်မိုး (၁၂/ဥကတ(နိုင်)၀၇၉၈၈၃)အမည်ပေါက် နှစ်(၆၀)မြေငှားစာချုပ်(ဂရန်) မြေအား ဂရန်အမည်ပေါက်ဒေါ်ခင်မြတ်မြတ်မိုးအား တရားပြိုင်ထားကာ ဦးမော်ဇင်သန်းမှ တရားလိုပြုလုပ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးမှုအမှတ် ၆၆၁/၂၀၁၇ ဖြင့် အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် စွဲဆိုမှုဖြင့် စွဲဆိုခဲ့ရာ အနိုင်ဒီကရီရရှိခဲ့ပါသဖြင့် တရားရှုံး (ကိုယ်စား)ဘီလစ်ဒေါ်နိုနိုဝင်းကိုမှ တရားမကြီးမှုအမှတ် ၆၆၁/၂၀၁၇ ၏ ၂၆-၆-၂၀၁၈ ရက်စွဲပါ စီရင်ချက်ဒီကရီ၊ ယင်းတရားရုံး၏ တရားမဇာရီမှု အမှတ် ၃၃၇/၂၀၁၉ ၏ နေ့စဉ်မှတ်တမ်း၊ ဘီလစ်ခန့်အပ်စာ၊ တရားနိုင် ဦးမော်ဇင်သန်းမှ ၎င်း၏ဂရန်မူရင်းသည် သိမ်းဆည်းထားရာမှ ခြကိုက်ပျက်စီးသွားသည်မှာ မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ၊ ခြကိုက်ပျက်စီးသည်မှာ မှန်ကန်ကြောင်း ရပ်ကွက်၊ ရဲစခန်းထောက်ခံချက်တင်ပြ၍ ဘီလစ်ဒေါ်နိုနိုဝင်းကိုမှ အရောင်း အဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့် နေ့မှစ၍ ၇ ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊
မြို့ပြမြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ