နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေအောက်တောင်နှင့် တိုက်မိခဲ့သဖြင့် အမေရိကန်ရေငုပ်သင်္ဘောမှ အကြီးတန်းအရာရှိသုံးဦး ထုတ်ပယ်ခံရ

ဝါရှင်တန်၊  နိုဝင်ဘာ ၇

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့ သည့်လက ရေအောက်တောင်နှင့်တိုက် မိခဲ့သည့် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် အကြီးတန်းအရာရှိ သုံးဦးကို အမေရိကန်ရေတပ်က ထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။  အဆိုပါ ရေငုပ်သင်္ဘောမှ ကွပ်ကဲရေး မှူး ဒု-ဗိုလ်မှူးကြီး  ကင်မရွန်းအလီဂျီလိုင် နီ၊    အမှုဆောင်အရာရှိ ဖြစ်သူ ဒု- ဗိုလ်မှူးကြီး    ပတ်ထရစ် ကာရှင်၊ သင်္ဘော၏     ဆိုနာနည်းပညာရှင် အကြီးအကဲ    ကွိုင်းရော်ဂျာတို့ကို ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ   အရာရှိသုံးဦးနေရာတွင် ခေါင်းဆောင်မှုအဖွဲ့အသစ်ဖြင့် အစား ထိုးမည်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောမှာ ပြုပြင်ရန် ဝါရှင်တန်သို့ မသွားရောက်မီ ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ရန်အတွက် ဂူအမ်တွင် ဆက်လက်ရှိနေမည်ဖြစ် ကြောင်း သိရသည်။ အမေရိကန်ရေ တပ်၏ ပင်လယ်ဝံပုလွေအဆင့် USS Connecticut  ရေငုပ်သင်္ဘောမှာ အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံတကာရေ ပိုင်နက်တွင် သွားလာနေစဉ် မြေပုံညွှန်း တွင်မပါသည့်  ရေအောက်ပင်လယ် တောင်နှင့်တိုက်မိကာ ယခုကဲ့သို့ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် အရာရှိ ၁၄ ဦး အပါအဝင် ၁၁ ဦးခန့် ဒဏ်ရာရခဲ့ကာ သင်္ဘောသားနှစ်ဦးမှာ  အတန်အသင့် ဒဏ်ရာရရှိခဲ့ပြီး၊   တတိယတစ်ဦးမှာ    ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ရေတပ် အရာရှိတစ်ဦးက ပြောကြားသည်။
ရဲခေါင် (Ref:AP)






အခြားဆက်စပ်သတင်းများ