နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာလင် သံရုံးအပြင်ဘက်တွင် ရုရှားသံတမန်တစ်ဦး သေဆုံးသည့် သတင်းများထွက်ပေါ်

ဘာလင်၊  နိုဝင်ဘာ ၇

ပြီးခဲ့သည့်လက  ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ရှိ  ရုရှားသံရုံးအပြင် ဘက်တွင် ရုရှားသံတမန်တစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သတင်း များထွက်ပေါ်လျက်ရှိပြီး    ယင်းကို အတည်ပြုရန် ကြိုးပမ်းနေ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
 
အဆိုပါအမျိုးသား၏ သေဆုံးရုပ် အလောင်းကို အစောင့်အရှောက်ရှိသည့် ဝင်းအတွင်း လူသွားလမ်းပေါ်တွင်တွေ့ ရှိခဲ့ကြောင်း Der Spiegel ဝက်ဘ်ဆိုက် က   ဖော်ပြခဲ့သော်လည်း အဆိုပါ အမျိုးသားသည် အပေါ်ထပ်မှပြုတ်ကျ ခဲ့ခြင်းဖြစ်မည်ဟုယူဆကာ အကြောင်း အရာအသေးစိတ်ကိုမူ  ရှင်းရှင်းလင်း လင်းမသိရကြောင်း  ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အဆိုပါအမျိုးသား သေဆုံးမှုအပေါ် တရားဝင်အမည်   မဖော်ပြထားသော် လည်း  သတင်းများအရ ယင်းသည် အသက် ၃၅ နှစ်ရှိပြီး    ရုရှားသံရုံး၏ ဒုတိယအတွင်းဝန်အဖြစ် စာရင်းသွင်း ထားခြင်းကိုတွေ့ရကြောင်း၊ စုံစမ်းစစ် ဆေးရေး     ဝက်ဘ်ဆိုက်ဖြစ်သည့်  Bellingcat က  ဖွင့်ချရန် ခက်ခဲသည့် အချက်အလက်   အရင်းအမြစ်များကို အသုံးချကာ အဆိုပါ အမျိုးသားသည် ရုရှားနိုင်ငံ FSB  ထောက်လှမ်းရေး အေဂျင်စီ ဒုတိယ ညွှန်ကြားရေးမှူး ၏ သားဖြစ်နိုင်ကြောင်း ပြောကြားထား သည်။

လက်ရှိတွင် အလောင်းကို ခွဲစိတ်စစ် ဆေးရန် ရုရှသံရုံးက သဘောမတူခဲ့ သဖြင့် ယင်း၏ ရုပ်အလောင်းကို ရုရှား နိုင်ငံသို့    လွှဲပြောင်းပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။  မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ